ဗန်းမော်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေဆဲ
- Pajau Media

- May 15
- 1 min read
ပါဂျောင်မီဒီယာ
၁၅ ရက်၊ မေလ၊ ၂၀၂၆။

ကချင်လွတ်လပ်ရေးတပ်(KIA)က ဖော်ဆောင်နေသည့် ဗန်းမော်မြို့တိုက်ပွဲမှာ တိုက်ပွဲနေ့စဥ် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
ဗန်းမော်မြို့ရှိ KIAနှင့်တော်လှန်ရေးတပ်ဖွဲ့များတပ်စွဲထားသည့် ပေါက်ကုန်း၊ ကိုက္ကူတော စသည့် ရက်ကွက်နေရာများကို စစ်ကောင်စီဘက်က ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီဘက် ထိုးစစ်ဆင်လာသောကြောင့် နေ့စဥ် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီက စကခ(၂၁) နေရာတွင်လည်း နေ့စဥ် Y-8 လေယာဥ်ဖြင့် စားနပ်ရိက္ခာနှင့် စစ်လက်နက်အင်အားများ ဖြည့်တင်းနေကြောင်းသိရသည်။
KIAတပ်ဟာ (၇) မချမ်းဘော့မြို့နယ်တွင်လည်း စစ်အင်အား (၅၀) ခန့်ရှိသည့် စစ်ကောင်စီတပ်သည် နောင်မွန်းမြို့သို့ စစ်ရေးလုပ်ရှားလာသောကြောင့် အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်ပွားနိုင်သည်ဟု ဆိုသည်။
ထို့အပြင် အင်းတော်-မြစ်ကြီးနားလမ်းအတိုင်းတက်လာသည့် စစ်ကောင်စီစစ်ကြောင်း မြစ်ကြီးနားမြို့တွင်း မေလ (၁၂) ရက်နေ့က ဝင်ရောက်လာပြီးနောက် ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့အထက်ဘက်တို့တွင်းစစ်ရေးလုပ်ရှားမှုများရှိလာနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များမှသိရသည်။
သတင်း - ဇော်




Comments