top of page

ဗန်းမော်မြို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီမှ လေယာဉ်ဗုံး၊ ဒရုန်းနှင့် လက်နက်ကြီးများ ပစ်ခတ်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Jan 22, 2025
  • 1 min read

ပါဂျောင်မီီဒီယာ။

၂၂ရက်၊ဇန္နဝါရီ၊၂၀၂၅။




ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ နည်းပါးလာပေမယ့် စစ်ကောင်စီက လေယာဉ်၊ ဒရုန်းဖြင့် ဗုံးကြဲကာ လက်နက်ကြီးဖြင့်လည်း အဆက်မပြတ်ပစ်ခတ်နေကြောင်း သိရသည်။


KIAပူးပေါင်းတပ်ဖွဲ့က ဗန်းမော်မြို့နေရာအများစုအား ထိန်းချုပ်ထားပြီး ကျန်ရှိနေသေးသည့် တပ်စခန်းများအား ဆက်လက်တိုက်ခိုက်နေကာ စကခ(၂၁)ကို ပိတ်ဆို့တိုက်ခိုက်နေပြီး မြို့တွင်းတိုက်ပွဲမှာ နည်းပါးသွားကြောင်း သိရသည်။


စစ်ကောင်စီက နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဗန်းမော်မြို့ကို ဇန္နဝါရီ၂၀ရက်နေ့တွင် လေယာဉ်ဗုံး၃၆လုံး၊ ၂၁ရက်နေ့တွင် ၄လုံးကြဲချကာ တိုက်ခိုက်ခဲ့ပြီး၊ အဆိုပါ လေယာဉ်ဗုံးများမှာ ရွှေကျီးငါးမျှစ်ချဉ်ခေါက်ဆွဲဆိုင်တကြော၊ နမ့်ဖားလမ်းခွဲ(ဘီလူးမချောင်း)တဝိုက်နှင့် ပင်စင်ကုန်းရပ်ကွက် ဝန်းကျင်တို့တွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသတွင်း စစ်ရေးအခြေအနေများ ဖော်ပြနေသည့် Banmaw Scout Teamက အတည်ပြုထုတ်ပြန်ထားသည်။


တစ်လခွဲကျော် ကြာမြင့်လာသည့် ဗန်းမော်တိုက်ပွဲအတွင်း လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့မှုများကြောင့် လက်ရှိ မြို့အတွင်း ပျက်စီးဆုံးရှုံးမှုအမြောက်အများဖြစ်နေသည့်အပြင် ဒေသခံများ၏ နေအိမ်မီးလောင်ပျက်စီးမှုလည်း အများအပြားရှိနေကြောင်းသိရသည်။


သတင်း- ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page