top of page

ဗန်းမော်မြို့တွင်လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲ

  • Writer: Pajau Media
    Pajau Media
  • Dec 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၀ရက်၊ဒီဇင်ဘာ၊၂၀၂၄။



ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒီဇင်ဘာလ ၄ရက်နေ့မှ စတင်ခဲ့သည့် ကချင်လွပ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့၏ ထိုးစစ်ဆင်မြို့သိမ်းတိုက်ပွဲမှာ ယနေ့ဒီဇင်ဘာ ၁၀ရက်နေ့အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး KIAပူးပေါင်းတပ်ဖွဲ့ဘက်မှ ကာကင်းစခန်းနှင့် စစ်ကောင်စီ စခန်းစွဲထားသောနေရာ အများပြား ကို ထပ်မံသိမ်း ပိုက်ထားပြီဖြစ်ကြောင်း ဒေသသတင်းအရင်းအမြစ်များမှသိရသည်။


ဒီဇင်ဘာ (၉) ရက်နေ့တွင် ဗန်းမော်တက္ကသိုလ်အတွင်း နေရာယူထားသည့် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး၊ ဗန်းမော်နှင့် မံစီမြို့နယ်အတွင်းရှိ လက်ကျန်တပ် စခန်းများဖြစ်သည့် ရဲစခန်း၊ ‌လေယာဉ်ကွင်းနှင့် စကခ- ၂၁ (အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ်) ဘက်သို့ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။


တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်မြို့သို့ စစ်ကောင်စီဘက်က ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းဖြင့် အပြင်းအထန်ခုခံကွာကွယ်နေသောကြောင့် မြို့တွင်းကျန်ရှိနေသေးသောပြည်သူများ လုံခြုံရေးစိုးရိမ် ရသည့် အခြေအနေနဲ့ ကြုံနေရသည်။ ထိုသို့ နှစ်ဖက် တိုက်ပွဲကြောင့် ပြည်သူများ ထိခိုက်သေဆုံးမူရှိသော်လည်း အင်တာနက်၊ဖုန်းလိုင်းများဖြတ်တောက်ထားသည့် အတွက် အခြေအနေကို အတိအကျစုံစမ်းသိရှိနိုင်ရန်ခက်ခဲနေခြင်းဖြစ်သည်။



လက်ရှိဗန်းမော်နှင့် မံစီမြို့နယ်များတွင်တိုက်ပွဲပြင်းထန်နေစဉ် တရုတ်ဗဟိုအစိုးရအဖွဲ့မှ KIOနှင့်တွေ့ဆုံရန်ဖိတ်ခေါ်လာသောကြောင့် KIO ဥက္ကဠ ဗိုလ်ချုပ်မှူးကြီးအင်ဘန်လဦးဆောင်သည့် အဖွဲ့များသည် ဒီဇင်ဘာ၈ရက်နေ့တွင် တရုတ်နိုင်ငံပေကျင်းမြို့သို့ ထွက်ခွာသွားကြောင်းသိရသည်။


ယခုကဲ့သို့ တရုတ်အစိုးရဘက်မှ ဖိတ်ခေါ်ခြင်းသည် ဗန်းမော်တိုက်ပွဲရပ်တန့်ပေးရန်ဖြစ်နိုင်သလို၊ KIA သိမ်းပိုက်ထားသောနယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းခြင်းလည်းဖြစ်နိုင်ကြောင်း ကချင်နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page