top of page

ဗန်းမော်မြို့ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

  • Writer: Pajau Media
    Pajau Media
  • Aug 5, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ ဩဂုတ်၊ ၂၀၂၅။


ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ဩဂုတ် ၄ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့က တပ်မ ၈၈ ကို စစ်အင်အားဖြည့်တင်းရန် ကြိုးစားမှုများ ရှိနေသည်ဟု ဒေသသတင်းများ တင်ဆက်ပေးနေသည့် Banmaw scout teamက ဖော်ပြထားသည်။


စစ်တပ်က တပ်မ ၈၈ ကို စစ်အင်အားများ ဖြည့်တင်းရန် ကြိုးပမ်းနေသလို၊ ယမန်နေ့က ယခင်စစ်သင်္ဘောများ ဆိုက်ကပ်ထားရာနေရာမှ အထက်သို့ ဆန်တက်ရန်ကြိုးစားနေသဖြင့် ထိတွေ့တိုက်ပွဲများ တောက်လျောက်ရှိနေကြောင်း သိရသည်။


ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီစစ်သင်္ဘောများမှာ ဩဂုတ် ၁ ရက်နေ့ ည ၉ နာရီ၀န်းကျင်တွင် ၀င်ရောက်လာခဲ့ပြီး၊ ရောက်ရောက်ချင်းပစ္စည်း၊ လူအင်အား ချပေးခြင်းမျိုးလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဗန်းမော်ကမ်းနားတလျောက်ဖြစ်သည့် ခွန်သာ၊ တပ်ကလေး၊ ရွှေကျီးနား‌ စသည့်ကျေးရွာဘက် ပိုမိုလှုပ်ရှားနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။


စစ်ရေးအခြေအနေမှာ သင်္ဘောရောက်သည်နှင့်တပြိုင်နက် လေကြောင်းတိုက်ခိုက်မှုမှာ ကမ်းနားနှင့် နီးစပ်ရာနေရာများကို လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။


အဆိုပါတိုက်ခိုက်မှုကြောင့် ဗန်းမော်ကျွန်းကြီးကျေးရွာမှ ၁၇နစ်အရွယ် အမျိုးသမီးတဦးလည်း သေဆုံးခဲ့ရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page