ဗန်းမော်မြို့နှင့် မြစ်ကြီးနား-ဖားကန့်သွားလမ်းတစ်လျှောက်ရှိဒေသများသို့ စစ်ကောင်စီမှ လေကြောင်းဖြင့်အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေ
- Pajau Media
- May 19
- 1 min read
ပါဂျောင်မီဒီယာ။
၁၉ရက်၊မေလ၊၂၀၂၅။
စစ်ကောင်စီတပ်ဖွဲ့မှ (၁)ပတ်တာကာလအတွင်း ကချင်ပြည်နယ်ကို Y-12လေယာဉ်ဖြင့် ဗုံးအကြိမ်(၆၀)လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ဗန်းမော်ဒေသအပြင် မြစ်ကြီးနား- ဖားကန့်လမ်းမပေါ်တစ်လျှောက်တွင်ယခုအချိန်အထိ ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေသလို (၁)ပတ်အတွင်း Y-12လေယာဉ်ဖြင့် အကြိမ်(၆၀)၊ ဂျက်ဖိုက်တာဖြင့် (၁၀)ကြိမ်၊ ဒရုန်းဗုံးဖြင့် (၇၈)ကြိမ်နှင့် လက်နက်ကြီးဖြင့် (၁၀၇)ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း KIAသတင်းဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်ကိုင်းအားပြင်းငလျှင်ကြောင့် ပျက်စီးသွားသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန် စစ်ကောင်စီတပ်ဖွဲ့များမှာ ရန်ကုန်၊နေပြည်တော်ဒေသမှလွှဲ၍ အခြားဒေသများသို့ မတ်လ ၂၈ရက်နေ့မှစပြီး မေလ ၁၆ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူပေါင်း(၄၁၆)ဦးအထိ အသက်သေဆုံးခဲ့ရသည်ဟု NUGက ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုပေါင်း (၄၄၅)ကြိမ် ပြုလုပ်ခဲ့ပြီး၊ လက်ရှိအချိန်အထိ ခြေလျှင်စစ်ကြောင်းထိုးလှုပ်ရှားမှုအပြင် လေကြောင်းတိုက်ခိုက်မှုကိုလည်း အဆက်မပြတ်လုပ်ဆောင်နေဆဲဖြစ်သည်။
သတင်း - ပီလမ့်အူ
Comments