top of page

ဗန်းမော်မြို့နယ် ကောင်ဂျာယန်တပ်စခန်း KIA ပူးပေါင်တပ်ဖွဲ့ ထပ်မံသိမ်းပိုက်

  • Writer: Pajau Media
    Pajau Media
  • Aug 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁၊ ၈၊ ၂၀၂၄။



ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ ကောင်ဂျာယန်တပ်စခန်းကို မနေ့ ဩဂုတ် ၂၀ ရက်နေ့ ညနေပိုင်းအချိန်တွင် ကချင်လွတ်မြောက်ရေးတပ် KIA နှင့် PDF ပူပေါင်းတပ်ဖွဲ့တို့ ထပ်မံ သိမ်းပိုက်လိုက်ပြီးဟု KIO သတင်းပြန်ကြားရေးဌာနမှ အတည်ပြု သတင်းထုတ်ပြန်ထားသည်။


ကောင်ဂျာယန်တပ်စခန်းသည် ဗန်းမော်မြို့မှ မန်စီသွားသည့် လမ်းမပေါ်တွင် ရှိပြီး မန်စီမြို့၏ မြို့စောင့်တပ်ဖြစ် ခ.မ.ရ (၃၁၉) နှင့် ခ.လ.ရ (၆၀၁) တို့၏ အဓိက လုံခြုံရေးယူပေးနေသော တပ်စခန်းဖြစ်သည်ဟု သိရှိရသည်။


အဆိုပါ ပြင်းထန်သော တိုက်ပွဲကြောင့် ကောင်ဂျာယန် တပ်စခန်းမှ စစ်ကောင်စီတပ်သားများ မန်စီတပ်ရင်းထံသို့ ပြန်လည် ဆုတ်ခွာသွားသည်ဟု သိရသည်။


ကောင်ဂျာယန်စခန်းသိမ်းတိုက်ပွဲအခြေအနေ သတင်းအသေးစိတ်ကိုတော့ သေချာမသိရသော်လည်း သတင်းအသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေလျက် ဖြစ်ပါသည်။


အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့တွင်လည်း ဗန်းမော်မြို့နယ် လုံခြုံရေးနှင့် မိုးမောက်မြို့ စောင့်တပ်ဖြစ်သော ခ.မ.ရ (၄၃၇)တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ် KIA နှင့် PDF ပူပေါင်းတပ်ဖွဲ့တို့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည်ဟု သိရှိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page