top of page

ဗန်းမော်မြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပခြင်း မပြုလုပ်နိုင်သည့် နယ်မြေအဖြစ် ကြေညာ

  • Writer: Pajau Media
    Pajau Media
  • Jan 21
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ဇန္နဝါရီ၊၂၀၂၆။


ကချင်ပြည်နယ်က ဗန်းမော်မြို့နယ်ကို ရွေးကောက်ပွဲ အပိုင်း (၃) အတွက် ကျင်းပခြင်းမပြုလုပ်နိုင်သည့် နယ်မြေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ကြေညာခဲ့သည်။


ရွေးကောက်ပွဲ ကော်မရှင်က အပိုင်း(၃)အား ကချင်ပြည်နယ်မှ ဗန်းမော်မြို့နယ်အပြင်၊ မံစီမြို့နယ်၊ မိုးမောက်မြို့နယ်၊ ရွှေကူမြို့နယ်နှင့် ဖားကန့်မြို့နယ်များတွင် ကျင်းပမည်ဖြစ်ကြောင်း ယခင် ဒီဇင်ဘာလတွင် ကြေညာခဲ့ပြီးဖြစ်သည်။


အပိုင်း (၃) ရွေးကောက်ပွဲကို ယခုလာမည့် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည် ဖြစ်ကာ၊ ဗန်းမော်မြို့နယ်ကိုတော့ ကျင်းပခြင်းမပြုလုပ်နိုင်သည့် နယ်မြေအဖြစ် ယနေ့တွင် ထုတ်ပြန်လာခြင်း ဖြစ်သည်။


ဗန်းမော်မြို့နယ်အတွင်းရှိ ခွန်သာရပ်ကွက်၊ မြို့မရပ်ကွက်၊ အလယ်ရပ် ရပ်ကွက်၊ မင်းကုန်းရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ မင်းကျောင်းကုန်းရပ်ကွက်၊ နမ့်ဖားရပ်ကွက်၊ ရွှေကျီးနားရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ ဟန်းတဲရပ်ကွက်၊ ခိုကျင်ကျေးရွာအုပ်စုတို့ပါဝင်သည်ဟု UEC က ထုတ်ပြန်ထားသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page