top of page

ဗန်းမော်-မိုးမောက်ဒေသ တိုက်ပွဲပြန်လည်ပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • Nov 7, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၇ရက်၊နိုဝင်ဘာ၊၂၀၂၄။




KIA အမှတ်(၃) တပ်မဟာဒေသ၊ ဗန်းမော်မြို့နှင့်မိုးမောက်ဒေသအကြား နေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ပြန်လည်ပြင်းထန်နေသည်ဟု ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။


စစ်ကောင်စီတပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာ(၄)ရက်နေ့ည ၇ နာရီအချိန်ခန့်မှစ၍ KIAပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသည့် အောင်မြေကျေးရွာဘက်သို့ ခြေလျင်ဖြင့် စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။


ထို့အပြင် နိုဝင်ဘာ(၅)ရက်နေ့မှာတော့ နံနက်၄း၃၀မိနစ်မှစ၍ စစ်တပ်မှ KIAများရှိသည့်ဘက် လက်နက်ကြီးမျိုးစုံဖြင့် ပစ်ခတ်လှုံ့ဆော်ခဲ့ကြောင်းနှင့် တင့်ကားမော်တော်များဖြင့်လည်း တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာကာ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ပြင်းထန်ခဲ့ကြောင်း သိရသည်။


ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းဗုံးဖြင့်သော်လည်းကောင်း၊ ဂျက်လေယာဉ်ဖြင့် သော်လည်းကောင်း ဗုံးလာရောက်ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်းအပြင်၊ ဗန်းမော်မြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ် စကခ(၂၁)တပ်မှလည်း တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ မော်တော်ကားကြီးများဖြင့် စစ်အင်အားလာရောက် တိုးမြင့်ထားမှုများ ရှိနေခြင်းကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိသည်ဟု ဒေသမှ စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page