top of page

ဗန်းမော်မြို့ရှိ ခလရ(၄၇)တပ်အား KIAနှင့်ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ချအလင်းဝင်ရန်ထပ်မံသတိပေး

  • Writer: Pajau Media
    Pajau Media
  • Jan 16, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၆ရက်၊ဇန္နဝါရီ၊၂၀၂၅။



ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ခလရ(၄၇)တပ်ကို လက်နက်ချရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထပ်မံသတိပေးထားကြောင်း ဒေသအတွင်း အခြေအနေများ တင်ပြနေသည့် Banmaw Scout Team ၏ဖော်ပြချက်အရ သိရသည်။


ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အမှတ်-၄၇‌ ခြေလျင်တပ်ရင်း(ခလရ-၄၇)အား အနီးကပ် တိုက်ခိုက်နေခြင်းဖြစ်ပြီး၊ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။


မံစီမြို့အား ကချင်လွှတ်လပ်ရေးတပ်မတော် KIAပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော်မြို့ရှိ ခလရ (၄၇)ဘက်တွင်နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များက ခလရ (၄၇)တပ်အား လက်နက်ချရန် ထပ်မံသတိပေးထားခြင်း ဖြစ်သည်။


ထို့အပြင် ဗန်းမော်မြို့ နေရာအများစုအား KIAမှ ထိန်းချုပ်ထားပြီး၊ လက်ရှိတွင် စကခ (၂၁)နှင့် လက်ကျန်တပ်ရင်းများကို ထိုးစစ်ဆင်နေပြီး စစ်ကောင်စီမှလည်း လေကြောင်းဖြင့် တစ်နေ့ကို(၃)ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်လေ့ရှိကြောင်း သိရသည်။


ဗန်းမော်မြို့သိမ်းတိုက်ပွဲအား KIAနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဒီဇင်ဘာ(၄)ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်လာသည်မှာ ရက်ပေါင်း ၄၀ ကျော်လာပြီဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page