ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်သင်္ဘောများကို KIA တိုက်ခိုက်
- Pajau Media

- Jul 30, 2025
- 1 min read
ပါဂျောင်မီဒီယာ
၃၀ရက်၊ ဇူလိုင်၊ ၂၀၂၅။
ထီးချိုင့်မြို့တွင် ညအိပ်နားခဲ့ပြီး ဗန်းမော်ဘက်ကို ဆက်လက်ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ရွှေကူမြို့အထက်ပိုင်းနေရာများတွင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ယမန်နေ့ ဇူလိုင်၂၉ ရက်နေ့က သင်္ဘောတစ်စီးထိခိုက်ခဲ့ကြောင်း ရုပ်သံများမှ သိရသည်။
KIA ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီသင်္ဘောအုပ်စုကို ဇူလိုင် ၂၇ ရက်နှင့် ဇူလိုင် ၂၉ ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ညနေပိုင်းအချိန်က စစ်လက်နက် ရိက္ခာပစ္စည်းများ မိုးကာအုပ်တင်လာသည့် သင်္ဘောတစ်စီး ထိခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
KIAပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ရွှေကူမှ ဗန်းမော်မြို့သို့ ဦးတည်ပြီး အထက်သို့ ဆန်တက်ရန် ကြိုးပစ်နေသည့် စစ်သင်္ဘောအုပ်စုနှင့် စစ်သင်္ဘောလုံခြုံရေးအတွက် မြစ်ကမ်းဘေးကပ် လိုက်လာသည့် ခြေလျင်တပ်များလည်း နောက်ဆုတ်သွားကြောင်း သိရသည်။
အဆိုပါစစ်သင်္ဘောများမှာ ဗန်းမော်မြို့တိုက်ပွဲသို့ စစ်အင်အားကူညီရန် စစ်အင်အားနှင့် လက်နက်ပစ္စည်းများ သယ်ဆောင်လာသည့် သင်္ဘောများဖြစ်ကြောင်းနှင့် စစ်တပ်က လက်ရှိ ဗန်းမော်မြို့ မကျရှုံးရေးအတွက် ရေကြောင်းအပြင် လေကြောင်း၊ ဒရုန်းများဖြင့် နေ့စဉ်တိုက်ခိုက်ကာ မြေပြင်မှလည်း စစ်ကြောင်းထိုး လှုပ်ရှားနေဆဲဖြစ်ကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments