top of page

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ပြည်သူအများအပြားပိတ်မိလျက်ရှိနေ

  • Writer: Pajau Media
    Pajau Media
  • Dec 6, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၆ရက်၊ဒီဇင်ဘာ၊၂၀၂၄။



ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA ပူးပေါင်းတပ်ဖွဲ့များ က ဒီဇင်ဘာ ၄ ရက်နေ့ကစတင်ခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့အထိ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်ရာ ပြည်သူတစ်ချို့ တိမ်းရှောင်နိုင်ခဲ့သော်လည်း မြို့အတွင်းတွင်ပြည်သူအများစုက ပိတ်မိနေဆဲဖြစ်ပြီး လူမှုကူညီရေးအဖွဲ့များ မှ အလံဖြူထောင်ကာ ခွာရန်ကြိုးစားသော်လည်း စစ်တပ်မှ တားမြစ်ခြင်းများရှိနေကြောင်းသိရသည်။


တိုက်ပွဲစတင်ဖြစ်ပွားချိန်တွင် ပြည်သူ အနည်းစုသာ ရေလမ်းကြောင်းမှ တိမ်းရှောင်နိုင်ခဲ့ပြီး အများစုမှာ ဗန်းမော်မြို့တွင်းကျန်ရှိနေဆဲဖြစ်သည်။ စစ်ကောင်စီတပ်က ဗန်းမော်မြို့ အဝင်၊အထွက်လမ်းကြောင်း နှင့် ရေလမ်းကြောင်း အားလုံးကို ပိတ်ဆို့ထားပြီး မြို့တွင်းရှိ အဆောက်အအုံအမြင့်များအပေါ် နေရာယူကာ ခံစစ်ပြင်ဆင်နေကြောင်းသိရသည်။




တိုက်ပွဲအတွင်း ပြည်သူများထွက်မရအောင်ပိတ်ဆို့ခြင်းသည် စစ်ကောင်စီဘက်မှ အရပ်သားပြည်သူလူထုကို အကာအကွယ် ယူသည့် (လူသားဒိုင်း) အနေဖြင့် အသုံးချနေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူတွေများက သုံးသပ်လျှက်ရှိသည်။ ပိတ်မိပြည်သူများမှာ အခွင့်အရေးရလျှင်ရသလို ထွက်ပြေးတိမ်းရှောင်ကြဖို့လည်း ပြည်သူအချင်းချင်း တိုက်တွန်းနေကြောင်းလည်းသိရသည်။


နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း နှင့် လက်နက်ကြီးပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရခြင်းများလည်းရှိနေသည်။ ဗန်းမော်မြို့အတွင်း ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသောကြောင့်ဒေသခံထိခိုက်သေဆုံးမှု အခြေအနေကိုအတိအကျ သိရှိရန်ခက်ခဲနေသော်လည်း ပြည်တွင်းမီဒီယာများ၏ဖော်ပြချက်အရ ဒေသခံသေဆုံးသူမှာ ၁၀ဦး ထက်မနည်းရှိလာပြီဖြစ်ကြောင်းသိရှိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page