top of page

ဗန်းမော်မြို့သိမ်းတိုက်ပွဲမှ တင့်ကား၁စီး KIAသိမ်းပိုက်ဖျက်ဆီး

  • Writer: Pajau Media
    Pajau Media
  • Aug 20, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ သြဂုတ်၊ ၂၀၂၅။


ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်စစ်ဆင်ရေးတွင် တင့်ကားများအသုံးပြုကာ တိုက်ခိုက်နေရာ တင့်ကား ၁စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIAပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။


ဗန်းမော်မြို့တွင် ကြီးမားသည့် မြို့သိမ်းတိုက်ပွဲအဖြစ် ဖြစ်ပွားနေသည်မှာ ၈ လကျော်ခန့် ကြာမြင့်နေပြီဖြစ်ပြီး၊ လက်ရှိ ဗန်းမော်မြို့ စကခ (၂၁)နှင့် မြို့တွင်းအရေးပါသည့် နေရာ ၅ နေရာခန့်တွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။


အဆိုပါ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကားတပ်ရင်း၊ အမှတ်(၇၀၀၆) သံချပ်ကာ တပ်ရင်းများကိုလည်း သိမ်းပိုက်ခဲ့ရာ သံချပ်ကာယာဉ် ၇စီးထက်မနည်း တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်သည်။


ဩဂုတ်လဆန်းပိုင်ကတည်းက စစ်သင်္ဘောအုပ်စုများ ဗန်းမော်မြို့သို့ ရောက်ရှိလာပြီးနောက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)၌ စုပုံထားသည့် လက်နက်ခဲယမ်းများကို ဗန်းမော်ရှိ လက်ကျန်တပ်စခန်းများ၌ ဖြန့်ဝေရန် စစ်ကြောင်းထိုးတိုက်ခိုက်နေရာ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ လက်ရှိအချိန်ထိ တင်းမာနေဆဲဖြစ်သည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page