ဗန်းမော်၊ဝိုင်းမော်နှင့် ဖားကန့်ဒေသများတွင် (၁)ပတ်အတွင်း တိုက်ပွဲ(၁၃)ကြိမ်အထိ ဖြစ်ပွား
- Pajau Media

- Jul 14, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၄ရက်၊ဇူလိုင်လ၊၂၀၂၅။
လက်ရှိ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် KIAပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ နေ့စဉ်ပြင်းထန်နေချိန် တစ်ပတ်အတွင်း ဗန်းမော်ဒေသ၊ ဝိုင်းမော်-လမြန်ဒေသနှင့် ဖားကန့်ဒေသတို့တွင် ထိတွေ့တိုက်ပွဲပေါင်း (၁၃)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း KIAသတင်းဌာနမှ သိရသည်။
ဗန်းမော်ဒေသတွင် မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း နေ့စဉ်လေကြောင်း၊ဒရုန်းနှင့် လက်နက်ကြီးများဖြင့်ပစ်ခတ်လျက်ရှိရာ လေကြောင်းဖြင့် (၆)ကြိမ်၊ ဒရုန်းဗုံးဖြင့် (၇၆)ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှုမှာ (၁၇၈) ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဝိုင်းမော်-လမြန်ဒေသတွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် ထိတွေ့တိုက်ပွဲပေါင်း(၃)ကြိမ် ဖြစ်ပွားခဲ့သည့်အပြင် မြစ်ကြီးနား၊မြောက်ပိုင်းတိုင်းဌာနချုပ်မှလည်း လက်နက်ကြီး၊ဒရုန်းဗုံးများဖြင့် နေ့စဉ်တိုက်ခိုက်ကူခဲ့သည်ဟု ဆိုသည်။
ကချင်ပြည်နယ်မှ နိုင်ငံရေးလေ့လာသုံးသပ်သူများ ပြောကြားချက်အရ စစ်ကောင်စီက ဝိုင်းမော်ဒေသနှင့် ဗန်းမော်ဒေသကို တစ်ပြိုင်နက် စစ်ကြောင်းထိုး လှုပ်ရှားရန် စစ်အင်အားဖြည့်တင်းနေကြောင်းသိရသည်။
သတင်း - ပီလမ့်အူ










Comments