top of page

ဘဏ်များတွင် ငွေလွှဲ၊ ငွေထုတ်ခြင်းများကို စစ်ကောင်စီမှ ငွေအမောင့်သတ်မှတ်၍သာ ထုတ်ခွင့်၊ လွှဲခွင့်ပြုထား

  • Writer: Pajau Media
    Pajau Media
  • Jul 7, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၇ရက်၊ဇူလိုင်လ၊၂၀၂၄ခုနှစ်။



ဇူလိုင်လမှစတင်၍ စစ်ကောင်စီမှ ဘဏ်များတွင် လူတဦးလျှင် သိန်း၁၀၀ ထုတ်ခွင့်၊လွှဲခွင့်မပြုတော့ကြောင်း ဘဏ်ခွဲတခုတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများထံမှ သိရသည်။


"စစ်တပ်က ချမှတ်လိုက်တာပါ ၊လူတယောက်ကို သိန်း၁၀၀ထုတ်ခွင့်၊ လွှဲခွင့်မပြု ခိုင်းပါဘူး၊ သိန်း၁၀၀ ထုတ်သွားတာတို့ လွှဲတာတို့ရှိရင်သတင်းပို့ဖို့ ညွှန်ကြားထားပါတယ်" ဟု ဘဏ်ဝန်ထန်းတစ်ဦးက ပြောသည်။


သိန်း၁၀၀ ထုတ်ယူသွားပါက စစ်ကောင်စီမှ ဘဏ်အကောင့်များကို စစ်ဆေးခြင်းနှင့် အကောင့်ပိတ်ခြင်းများ ပြုလုပ်လာသည်ဟု ဆိုသည်။


"သူတို့ချမှတ်ထားတဲ့အတိုင်းမဟုတ်ဘဲ ပိုထုတ်ရင် ဘဏ်အကောင့်ကို စစ်ဆေးတယ် ၊အဲ့ဒီလူရဲ့ ပရိုဖိုင်းပေါ့နော် ၊သူဘာလုပ်ငန်းလုပ်လဲ၊ သူ့ရဲ့နောက်ကြောင်းကအစ လိုက်ပါတယ်၊ " ဟု အထက်ပါ ဝန်ထမ်းက ဆက်ပြောသည်။


စစ်ကောင်စီမှ ငွေထုတ်ယူခွင့် ကန့်သတ်လိုက်ခြင်းကြောင့် ဘဏ်လုပ်ငန်းနှင့် ဆက်စပ်၍ လုပ်ကိုင်နေရသူများ အခက်အခဲဖြစ်နေခြင်း ဖြစ်သည်။


" ကျမတို့ဆို ဆန်အရောင်းအဝယ်လုပ်တာဆိုတော့ ငွေက သိန်းရာချီပြီးလွှဲရ ထုတ်ရတာတွေရှိတယ် ၊ခုလိုကန့်သတ်လိုက်တော့ အလုပ်လုပ်စားရတာခက်ပြီပေါ့ ၊ကုန်ဝယ်မယ်ဆိုရင် ငွေလွဲ၊ငွေထုတ်က အမောင့်ကန့်သတ်လိုက်တော့ လုပ်ငန်းလုပ်ရ ခက်ခဲလာတယ်၊" ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။


ပြည်သူများမှ စစ်ကောင်စီ၏ ယခုကဲ့သို့ ငွေကြေး ကန့်သတ်ခြင်းအပေါ်တွင် PDF များကိုထောက်ပံ့ရန် စစ်တပ်မှစိုးရိမ်သောကြောင့် ပြည်သူများခက်ခဲအောင် ပြုလုပ်နေတာ ဖြစ်နိုင်တယ်ဟုလည်း ဝေဖန်ပြောဆိုနေကြသည်။


သတင်း- ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page