top of page

မိုးကောင်းတွင် တစ်လအတွင်း တစ်နေရာထဲ၌ နွားကျောင်းရင်း မိုင်းနင်းမိသည့် ဖြစ်ရပ် နှစ်ကြိမ်ဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Mar 27, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ ခ.လ.ရ ၇၄တပ်ရင်းအနီးတွင် ယမန်နေ့ ညနေ ၃နာရီအချိန်ခန့်က အသက် ၄၈နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး မိုင်းနှင်းမိကာ အသက်သေဆုံးခဲ့ရပြီး၊ တစ်လအတွင်းမှာပင် နှစ်ကြိမ်အထိ ရှိနေသည်ဟု ဒေသခံများက ပြောသည်။


သေဆုံးသူ အမျိုးသား မိုင်းနှင်းမိသည့် နေရာသည် မိုးကောင်းမြို့ရှိ ခ.လ.ရ ၇၄တပ်ရင်းအနီးဖြစ်ပြီး၊ ပြီးခဲ့သည့် မတ်လ ၂ရက်နေ့တွင်လည်း အသက်၁၆နှစ်အရွယ် ၉တန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦး နွားကျောင်းရင်း မိုင်းနှင်းမိပြီး ခြေထောက်ဖြတ်ခံလိုက်ရသည့် နေရာပင် ဖြစ်သည်ဟု ဆိုသည်။


ထို့အပြင် ယင်းတပ်စခန်းအနီးတွင် မိုင်းနှင်းမိသည့် ဖြစ်စဉ်မကြာခဏဖြစ်ပွားနေသော်လည်း ဒေသခံများ၏ သွားလာရေးအတွက် အာမခံသည့် သတိပေးစာစောင် ဆိုင်းဘုတ်ပင် မကပ်ထားကြောင်းနှင့် တစ်လအတွင်း မိုင်းနှင်းမိသည့် ဖြစ်စဉ် နှစ်ကြိမ်အထိ ရှိခဲ့ပြီဟု ဒေသခံများက ပြေဆိုနေကြသည်။


"စစ်တပ်က သတင်းတွေကို ဖုံးထားချင်နေတာ၊ ကောင်မလေးက ကိုးတန်းကျောင်းသူ ၊အသက်က၁၆နှစ်ဘဲရှိသေးတယ် ကလေးမလေးရဲ့ မိုင်းနင်းမိတဲ့သတင်းဆိုရင် ဘယ်သတင်းဌာနမှာမှ မတက်ဘူး၊ မိုင်းထောင်ထားသည်ဆိုတဲ့ ဆိုင်းဘုတ်‌ထောင်ပြီးသတိပေးတာမျိုးလဲ မရှိဘူး၊ မနေ့က ဆုံးသွားတဲ့သူကိုဆိုရင် စစ်တပ်က အလောင်းတောင်မပေးဘူး ၊မီးသဂြိုလ်ခါနီးမှ တွေ့ခွင့်ပေးတာ" ဟု မိုးကောင်းမှ အသက်၆၅နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။


မိုင်းနှင်းမိ၍ သေဆုံးခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းကို စစ်တပ်မှ မိုး‌ကောင်းဆေးရုံသို့ ရင်ခွဲစစ်ဆေးရန် သယ်ဆောင်သွားခဲ့ပြီး မိသားစုလက်ထဲသို့ ရုပ်အလောင်းအား မပေးဘဲ သဂြိုလ်ချိန် နီးမှသာလျှင် တွေ့ခွင့်ပေးသည်ဟု နီးစပ်ရာ အသိုင်းအဝိုင်းမှ သိရသည်။


‌မတ်လ ၂ရက်နေ့က မိုင်းနှင်းမိ၍ ခြေထောက်ဖြတ်ခံလိုက်ရသည့် ၁၆နှစ်အရွယ်ကျောင်းသူ မိန်းကလေးငယ်သည် လက်ရှိ မြစ်ကြီးနား စစ်ဆေးရုံ၌ တက်ရောက်ကုသနေရကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page