top of page

မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ပြည်သူ့စစ်မှ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံး

  • Writer: Pajau Media
    Pajau Media
  • Mar 29, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၉ရက်၊မတ်လ၊၂၀၂၄ခုနှစ်။




ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ပြည်သူ့စစ်မှ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။


ယမန်နေ့ မတ်လ၂၈ရက် နံနက်၉နာရီချိန်တွင် ဆားမှော်ရပ်ကွက် (၆)တွင် နေထိုင်သော အိမ်နီးချင်း လူငယ်နှစ်ဦး စကားများရန်ဖြစ်နေစဉ် ပြည်သူ့စစ်မှ ဦးမျိုးသူအောင်ဆိုသူက သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်သည် ဟု ဆားမှော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။


"ပစ်တဲ့သူက ပြည်သူ့စစ်က။ ပြည်သူ့စစ်ရဲ့ တူနဲ့ ကိုသားငယ်ဆိုတဲ့လူနဲ့ စကားများကြတာကို ပြည်သူ့စစ် ဦးမျိုးသူ‌အောင်က သေနတ်နဲ့ပစ်လိုက်တာ၊ ရင်ဘတ်မှာ သေနတ်ဒါဏ်ရာရပြီး ပွဲချင်းပြီးဆုံးတာ၊ အစကထဲက ပြည်သူ့စစ်မိသားစုနဲ့ သားငယ်တို့မိသားစုက မတည့်ကြဘူး"ဟု ပြောသည်။


သေဆုံးသူ ကိုသားငယ်၏ အလောင်းအား မိုးကောင်း‌ ဆေးရုံတွင် ရင်ခွဲစစ်ဆေးပြီးမှသာ မိသားစုလက်ထဲ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် သေနတ်ဖြင့် ပစ်ခတ်သော ပြည်သူ့စစ်အဖွဲ့ဝင် ဦးမျိုးသူအောင်အား မိုးကောင်း (၁၀၅ ) ခြေလျင်တပ်ရင်းမှ ဖမ်းဆီးသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ထို့အပြင် ဦး‌မျိုးသူအောင်သည် ဆားမှော်ကျေးးရွာအတွင်း ပြည်သူ့စစ်မှုထမ်း အဖွဲ့ဝင်ဖြစ်ပြီးချိန်မှစ၍ သေနတ်လွယ်ကာ လျှောက်သွားနေတတ်သူတစ်ဦး ဖြစ်ကြောင်းလည်း ထပ်မံ သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page