top of page

မြောက်ပိုင်းတိုင်းစစ်ငှာနချုပ်မှ လမ်းများကိုပိတ်ထားပြီး လုံခြုံရေးတိုးမြင့်နေ

  • Writer: Pajau Media
    Pajau Media
  • Aug 7, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၇၊ ၈၊ ၂၀၂၄။



ပြီးခဲ့သော ရက်ပိုင်းအတွင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တည်ရှိသော မြောက်ပိုင်းတိုင်းစစ်ငှာနချုပ်ရှိ လမ်းများပိတ်ထားပြီး လုံခြုံရေးတိုးမြင့်ထားပါသည်။


မြောက်ပိုင်းတိုင်းစ်ငှာနချုပ်အနီးရှိ လမ်းများတွင် စစ်ကောင်စီဘက်မှ တင့်ကား ၁၅ စီးခန့်ချထားပြီး လမ်းမျာပိတ်ထားကာ လုံခြုံရေးတိုးမြင့်ထားလျက်ရှိနေပါသည်။ ယခင်ကတည်းက အောင်ဇေယျာအောင်ဂိတ်နှင့် ပမ္မတီးအဝင်ဂိတ်နှစ်ခုရှိခဲ့ပြီး၊ ဗလမင်းထင်အားကစားခန်းမဂိတ်နှင့် မဟာအောင်ဇေယျာသုခဓမ္မာရုံဂိတ်နှစ်ခုမှာ အသစ်တိုးချဲ့လာသည့်အပြင် ယမန်နေ့ ဩဂုတ်၆ရက်နေ့မှစပြီး ယင်းဂိတ်စခန်းများတွင် စစ်အင်အားအပါအဝင် လက်နက်အင်အားများ ယခင်ထက် ပိုမိုတိုးချဲ့လာကြောင်း သိရသည်။


ကချင်ပြည်နယ်နှင့် ထိစပ်နေသော ရှမ်းမြောက်ပိုင်းနှင့် မန္တလေးဘက်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင် အရှေ့မြောက်ပိုင်းစစ်ငှာနချုပ်အပါအဝင် စစ်ကောင်စီတပ်စခန်းများစွာ မဟာမိတ်အဖွဲ့များနှင့် တော်လှန်ရေးတပ်ပေါင်းစုများက သိမ်းပိုက်ထားသည့်အပြင် မြစ်ကြီးနားမြို့နှင့် မလှမ်းမကမ်းတွင်ရှိသော တပ်စခန်းများကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်က သိမ်းပိုက်ထားသောကြောင့် စစ်ကောင်စီက မြစ်ကြီးနားမြို့ကို လုံခြံရေးမြင့်တင်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပါဂျောင်မီဒီယာကိုပြောပါသည်။


တစ်ကျော့ပြန်ဖြစ်ပွားလာသော ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီများအကြား တိုက်ပွဲများပြင်းထန်လာပြီး စစ်ကောင်စီဘက်မှ တပ်စခန်းများအပါအဝင် ဆုံရှုံးမှုများပြားရှိနေပြီးဖြစ်ပြီးနောက် KIA ဘက်မှ မြစ်ကြီးနားနှင် ဝိုင်းမော်ဘက်ကို ဆက်ပြီးတိုက်ခိုက်လာနိုင်သည်ကို စစ်ကောင်စီဘက်မှ စိုးရိမ်နေသောကြောင့် စစ်ရေးပြင်ဆင်နေကြကြောင်း ဒေသခံများက သုံးသပ်ထားကြပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page