top of page

မေခနှင့်မလိခမြစ်ဖျားပိုင်းတွင်မိုးသည်းထန်စွာရွာသွင်းသဖြင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Jun 2, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂ရက်၊ဇွန်၊၂၀၂၅။




ကချင်ပြည်နယ်၊ အထက်ပိုင်းတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မေခနှင့် မလိခမြစ်ရေမြင့်တက်လာပြီး ပူတာအိုမြို့အပါအဝင် မြစ်ကြီးနား၊ဝိုင်းမော်၊ချီဖွေမြို့နှင့် အခြားနေရာများစွာ ရေကြီးရေလျှံစိုးရိမ်ရေမှတ်သို့ ကျော်လွန်လာပြီဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် မြစ်ကြီးနားမြို့တွင်းရှိ ရပ်ကွက်အများစုနှင့် ချီဖွေ၊ ဆော့လော်၊ မန်ဒေါင်နေရာများတွင် ရေကြီးရေလျှံမှုဖြစ်ကာ စစ်ဘေးရှောင်စခန်းများ၊ နေအိမ်နစ်မြုပ်ပျက်စီးမှုများ၊ လမ်းကြောပိတ်ဆို့မှုများရှိကာ သွားလာရေးခက်ခဲမှုလည်း ရှိနေခြင်းဖြစ်သည်။


ထို့အပြင် မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေမှာ ယနေ့နံနက်ပိုင်းအချိန်အထိ စိုးရိမ်ရေအမှတ် ၁၂၀၀ထက် ၅စင်တီမီတာအထိ မြင့်တက်လာနေပြီဟုလည်း ပြည်နယ်မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးရုံးမှထုတ်ပြန်ကြေညာထားသည်။


မြစ်ကြီးနားမှ မြေနိမ့်နေရာများဖြစ်သည့် စီတာပူ၊ လယ်ကုန်း၊ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ရမ်ပူ၊ကျွန်းပင်သာ၊ ကချင်စု၊ ရွှေညောင်ပင်၊မန်ခိန်၊ ဒူကထောင်၊ရန်ကြီးအောင်နှင့် ပမ္မတီး အစရှိသည့်ရပ်ကွက်များတွင် ရေဝင်ရောက်နေပြီဖြစ်ပြီး၊ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိသောကြောင့် ကြိုတင်ရှောင်ရှားနိုင်ရန်လည်း သတိပေးပြောဆိုထားပြီး လူမှုကူညီရေးအသင်းများကလည်းလုပ်ဆောင်ကူညီနေကြသည်။


ဒေသခံများပြောဆိုချက်အရ ယနေ့နံနက် ၇နာရီ၃၀မိနစ်အချိန်ခန့်အထိ မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ် ၁၂၀၅ စင်တီမီတာထိ ရောက်ရှိနေကာ အတက်အကျမရှိ ရပ်နေကြောင်းလည်း ထပ်မံသိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page