မိုင်ဂျာယာန်အမျိုးသားကောလိပ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသားအသစ် စတင်လက်ခံ
- Pajau Media
- Jun 16
- 1 min read
Updated: Jun 17
ပါဂျောင်မီဒီယာ
၁၆ရက်၊ဇွန်လ၊၂၀၂၅။

တရုတ်နယ်စပ်၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်ရာဒေသရှိ မိုင်ဂျာယာန်အမျိုးသားကောလိပ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသားအသစ် စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
အစိုးရကျောင်းများတွင် G-12အောင်ပြီးသော သူများနှင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွင်း ဆယ်တန်းအောင်မြင်ပြီးသော မည်သည့်ကျောင်းသူ/ကျောင်းသားများမဆို တက်ရောက်သင်ကြားနိုင်ပြီး၊ ကေအိုင်အိုကျောင်းများတွင် ၁၀တန်းအောင်မြင်ပြီးသူတွေ တက်ရောက်သင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။
ကျောင်းအပ်လက်ခံခြင်းနေ့ကို ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် ဖွင့်လှစ်ပြီး၊ ၂၀ ရက်နေ့တွင် နောက်ဆုံးထားလက်ခံသွားမည်ဖြစ်ကာ၊ ၂၃ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မိုင်ဂျာယာန်အမျိုးသားကောလိပ်တွင် Bachelor of Arts in Political Science, Bachelor of Arts in English, Bachelor of Arts in Environmental Science, Bachelor of Arts in Computer Science နဲ့ Bachelor of Arts in Development Studies စသည့် ဘာသာရပ်များဖြင့် အဓိကသင်ကြားပေးနေကြောင်း သိရသည်။
၂၀၁၁ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် KIAနှင့် အစိုးရတပ်မတော်တို့၏ တိုက်ပွဲများကြောင့် ကျောင်းမတက်နိုင်တော့သည့် လူငယ်များ များလာသဖြင့် ၂၀၁၅ခုနှစ်တွင် ကချင်အမျိုးသားပညာရေးကော်မတီမှ ဦးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ KIOပညာရေးဌာန၏ လက်အောက်တွင် တည်ရှိသော ကောလိပ်ကျောင်းလည်း ဖြစ်သည်။
သတင်း - ထုဆိုင်း
Comments