top of page

မိုင်းနောင်နှင့် မမုံကိုင်မှ လက်လွတ်ခဲ့ရသည့် တပ်စခန်းအချို့ကို KIAပူးပေါင်းတပ်ဖွဲ့ ပြန်သိမ်း

  • Writer: Pajau Media
    Pajau Media
  • Aug 18, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ သြဂုတ်၊ ၂၀၂၅။


ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနှင့် မမုံကိုင်ကျေးရွာမှ လက်လွတ်ခဲ့ရသည့် စစ်တပ်စခန်းများကို KIAပူးပေါင်းတပ်ဖွဲ့က ပြန်လည်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။


စစ်ကောင်စီတပ်နှင့် စစ်တပ်လက်အောက်ခံ(SNA) ရှမ်းနီဌာနေပြစ်သူ့စစ်တပ်တို့ ပူးပေါင်းကာ တပ်စွဲထားသော မိုင်းနောင်နှင့် မမုံကိုင်ရှိ စစ်တပ်စခန်းကို KIAပူးပေါင်းတပ်ဖွဲ့က သြဂုတ် ၁၆ရက်နေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ စစ်တပ်စခန်းကို ဩဂုတ်(၁၆)ရက် နံနက်၅နာရီ ၄၀မိနစ်အချိန်ကတည်းက အမှတ်(၉)တပ်မဟာမှ KIAပူးပေါင်းတပ်ဖွဲ့စုက ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယင်းနေ့ထဲတွင် အပြီးသတ်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


နှစ်ဖက်ထိတွေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းဖြင့် ပစ်ကူကာ ခုခံ တိုက်ခိုက်ခဲ့သော်လည်း၊ KIA ပူးပေါင်းတပ်ဖွဲ့များက တပ်စခန်း၂ခုကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။


မိုင်းနောင်နင့် မမုံကိုင်ကျေးရွာ နှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဇူလိုင် ၁၅ရက်နေ့တွင် လက်လွတ်လိုက်ရခြင်းဖြစ်ပြီး၊ စစ်တပ်အချို့ကိုတော့ ဩဂုတ် ၁၆ရက်နေ့က KIAပူးပေါင်းတပ်ဖွဲ့မှ ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် ယနေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။


အလားတူ စစ်ကောင်စီတပ်ဖွဲ့က ဖားကန့်-နန့်ယားသွားလမ်းပိုင်းတွင် စစ်အင်အား ၅၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးကာ ထိုးစစ်ဆင်လာသောကြောင့် နှစ်ဖက်တပ်ဖွဲ့ကြား စစ်ရေးတင်းမာနေပြီး၊ နေ့စဥ် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသလို၊ ဗန်းမော်ဒေသတွင်လည်း တိုက်ပွဲပြင်းထန်နေကြသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page