top of page

မြစ်ကြီးနား စံပြမိန်းလမ်းမပေါ်ရှိ အားကစားရုံမှ မိန်းကလေး၅ဦး အပါအဝင် လူငယ်၁၀ဦးကျော် ဖမ်းဆီးခံရ

  • Writer: Pajau Media
    Pajau Media
  • Mar 29, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၉ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အားကစားရုံ နေရာများတွင် ယမန်နေ့ မတ်လ၂၈ရက်နေ့ ညနေ၆နာရီအချိန်ခန့်က မိန်းကလေး၅ဦးအပါအဝင် စုစုပေါင်း လူငယ်၁၀ဦးကျော် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။


မြစ်ကြီးနား စံပြရပ်ကွက် မိန်းလမ်းပေါ်ရှိ အယ်လ်ဖာအားကစားရုံတွင် ယမန်နေ့ ညနေ၆နာရီချိန်ခန့်က အရပ်ဝတ်နှင့် အမည်မသိအဖွဲ့အုပ်စုမှ ကားနှစ်စီးဖြင့် လာရောက်ကာ လူငယ်၁၀ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


“ညနေ၆နာရီချိန်လောက်မှာ အဲ့အားကစားရုံအရှေ့က ဖြတ်သွားရင်း လူအုံနေလို့ ဆိုင်ကယ်ပျောက်တယ် ထင်နေတာ၊ ကြည့်နေရင်း ကားနှစ်စီးနဲ့ တန်းစီပြီးကို ခေါ်သွားတာ တွေ့လိုက်တယ်။ မိန်းကလေး၅ယောက်လောက်ပါသွားတယ်။ အားလုံး ၁၀ယောက်ကျော်လောက် ရှိလောက်တယ်။” ဟု အယ်လ်ဖာအားကစားရုံရှေ့မှ လမ်းဖြတ်သွားရင်း ကိုယ်တိုင်တွေ့ခဲ့ရသည့် လူငယ်တစ်ဦးက ပြောသည်။


ထို့ကြောင့် အချို့အားကစားရုံနှင့် စားသောက်ဆိုင်အချို့များမှာ ဝယ်ယူအားပေးသူများ၏ လုံခြုံရေးကို ရှေ့ရှူး၍ ကြိုတင်ပိတ်ပင်ထားမှုများပင် လုပ်ဆောင်လာကြသည်ဟု ဆိုသည်။


ကျေးရွာရပ်ကွက်များအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့လာသည့် မတ်လ၁၇ရက်နောက်ပိုင်းမှစ၍ မြစ်ကြီးနားမြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ ဆံပင်ညှပ်ဆိုင်များ၊ လမ်းပေါ်များနှင့် အားကစားရုံများအတွင်းမှ လူငယ်များ ဖမ်ဆီးပေါ်တာဆွဲခံရသည့် ဖြစ်စဉ်မှာ မကြာခဏ ကြားနေရခြင်း ဖြစ်သည်။


မတ်လ ၇ရက်နေ့မှစ၍ နှစ်ဖက်စစ်တပ်၏ စစ်ရေးတင်းမာမှုကြောင့် ကချင်ဒေသအတွင်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည့်အလျောက် နှစ်ဖက်တပ်ဖွဲ့ဘက်မှ စစ်သားစုဆောင်းရေးများလည်း လုပ်ဆောင်နေကြသည်ဟု ဒေသခံများက ပြောသည်။


ထို့အပြင် စစ်ကောင်စီမှလည်း ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဉပဒေကို အသက်သွင်းကြေညာခဲ့ပြီးနောက် မတ်လ ၁၇ရက်နေ့မှစတင်ပြီး ရပ်ကွက်သို့ စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့လာသည့်အပြင် လမ်းပေါ်ထွက်သော လူငယ်များကို ပေါ်တာဆွဲခေါရန် ရပ်ကွက်အုပ်ချုပ်ရေးမှုးများမှ ခွင့်ပြုမိန့်ရထားကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page