top of page

မြစ်ကြီးနားတွင် ယမန်နေ့ည ၁၀ နာရီ ခွဲ ဝန်းကျင်လောက်က ဆိုင်ကယ်တစ်စီး အက်စီးဒန့် ဖြစ်ပြီး လူတစ်ဦးသေဆုံး

  • Writer: Pajau Media
    Pajau Media
  • Feb 18, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၈ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။




မြစ်ကြီးနားမြို့၊ ရွှေလမ်းမပေါ်မှ “Seng 7” အမည်ရှိသည့် ဖုန်းဆိုင်နားတွင် ယမန်နေ့ည ၁၀ နာရီ ခွဲ ဝန်းကျင်လောက်က ဆိုင်ကယ်တစ်စီး အက်စီးဒန့် ဖြစ်ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။


“သူ့ဟာသူ ဆိုင်ကယ်မောင်းလာပြီး ကျွန်တော်တို့ဆိုင်နည်းနည်းအကျော်မှာ သစ်ပင်ရှိတယ်၊ အဲ့သစ်ပင်မှာတိုက်ပြီး လွင့်သွားတာ။ ပြီးတော့ အိမ်ရှင်ရဲ့ တံခါးကိုတိုက်ပြီးတော့ ကျွန်တော့်ဆိုင်ရှေ့မှာ ဆိုက်ကယ်မေှာက်ပြီး အုပ်နဲ့ခေါင်းနဲ့ တိုက်ပြီး ပွဲချင်းပြီး ဆုံးသွားတာ” ဟု မျက်မြင်တွေ့ရှိသူက ပြောပြသည်။


သေဆုံးသူသည် ဝိုင်းမော်မြို့မှဖြစ်၍ သူငယ်ချင်းများနှင့် မြစ်ကြီးနားဘက်သွားရာ ယခုလိုဖြစ်ခဲ့ကြောင်း၊ အက်စီးဒန့်ဖြစ်ပြီး ၁၅မိနစ်ခန့်အကြာတွင် လူနာတင်ကားဖြင့် တင်ဆောင်သွားကာ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


ထို့ပြင် သေဆုံးသူသည် အသက်သုံးဆယ်အရွယ် အိမ်ထောင်သည်ဖြစ်ကာ သားသမီးသုံးယောက် ဖခင်တစ်ဦးလည်းဖြစ်သည်။


အာဏာသိမ်းပြီးနောက်ပိုင်း ယာဉ်တိုက်မှုနှင့် အက်စီးဒန့်ဖြစ်ပွားမှုများ ပိုမိုများပြားလာသည့်အပြင် လူမှုကူညီရေးအသင်းများ၏ ပြောဆိုချက်အရ မြစ်ကြီးနားမြို့တွင် ယာဉ်တိုက်မှုကြောင့် တစ်လလျှင် ပျမ်းမျှအားဖြင့် လူ(၁)ဦးနှုန်း သေဆုံးနေကြောင်း သိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page