top of page

မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ/ဆရာမအားလုံးကို အထက်အမိန့်ဖြင့် ပြောင်းရွှေ့မည်ဆိုသောသတင်း မမှန်ကန်ကြောင်းသိရ

Writer: Pajau Media
Pajau Media
Aug 22, 2024
1 min read

ပါဂျောင်မီဒီယာ

၂၂၊ ၈၊၂၀၂၄။



ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းဆရာ/ဆရာမများကို တိုက်ပွဲများကြောင့် ကျောင်းမဖွင့်နိုင်သည့် တက္ကသိုလ်ကျောင်းများတွင် ပြောင်းလဲပို့ဆောင်သွားမည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း ပါဂျောင်မီဒီယာမှ စုံစမ်းမေးမြန်းချက်အရ သိရသည်။


ယခုရက်ပိုင်းအတွင်း တက္ကသိုလ်ကျောင်းသားများနှင့် မိဘပြည်သူများတွင် ပြန့်နှံ့နေသည့်သတင်းမှာ မြစ်ကြီးနားတက္ကသိုလ်မှ စာသင်ကြားပေးနေသည့် ဆရာ/ဆရာမများအားလုံးကို အထက်အမိန့်ဖြင့် တိုက်ပွဲများကြောင့် ကျောင်းမဖွင့်နိုင်သည့် အခြားကျောင်းများသို့ ပို့ဆောင်သွားမည်ဟူသည့် အကြောင်းအရာဖြစ်သည်။


“အဲဒီသတင်းက မမှန်ဘူးထင်တယ်။ ဒီက တစ်ချို့ဆရာ/ဆရာမတွေက ဒီမှာ တိုက်ပွဲဖြစ်လာနိုင်ချေရှိတာမို့ ကြောက်လို့ အခုကနေ ကြိုတင်ပြီး တစ်ခြားကျောင်းကို ပြောင်းဖို့ ပြောင်းရွှေ့စာတင်ကြတာတော့ ရှိကြပါတယ်။ အထက်အမိန့်နဲ့ အားလုံးကို ပြောင်းရွှေ့ခိုင်းတယ်ဆိုတာတော့ မဟုတ်ပါဘူး။” ဟု တက္ကသိုလ်ဆရာမတစ်ဦးက ပြောသည်။


ပါဂျောင်မီဒီယာမှ စုံစမ်းမေးမြန်းချက်အရ မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းဆရာ/ဆရာမများ အားလုံးကို အထက်အမိန့်ဖြင့် ပြောင်းရွှေ့မည်ဟူသည့် သတင်းမှာ မမှန်ကန်ကြောင်း၊ အချို့ဆရာ/ဆရာမများ ကျောင်းပြောင်း‌ရွှေ့ရန် သက်ဆိုင်ရာ ပညာရေးရုံးသို့ စာတင်ခြင်းသာရှိကြောင်း သိရသည်။


ပြီးခဲ့သည့် ဇလှိုင်လ၂၁ရက်နောက်ပိုင်း ကချင်တစ်ပြည်နယ်လုံး အဆက်အသွယ်ပြတ်တော်ခဲ့ပြီးနောက်၊ ပြည်သူများ သတင်းအမှောင်ချခံခဲ့ရပြီး မြစ်ကြီးနားမြို့သိမ်းတိုက်ပွဲစတင်တော့မည်၊ စစ်တပ်စခန်းအနီးဝန်းကျင်ရှိ ဝန်ထမ်းများကို ပြောင်းရွှေ့ခိုင်းသည် စသည့် မဟုတ်မမှန်သည့် ကောလဟာလသတင်းများ အမျိုးမျိုးကြားနေရသည်ဟု ဒေသခံများက ပြောသည်။

Comments


Pajau Media

Thanks for subscribing!

bottom of page