top of page

မြစ်ကြီးနားပတ်စ်ပို့ရုံးတွင် နိုင်ငံကူးလက်မှတ်များကို ပြန်လည်လျှောက်ထားနိုင်ပြီ

  • Writer: Pajau Media
    Pajau Media
  • Oct 14, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၄ရက်၊အောက်တိုဘာ၊၂၀၂၄။



ကချင်ပြည်နယ်တွင် ဖုန်းနှင့်အင်တာနက်လိုင်း ဖျက်တောက်ခဲ့ပြီးနောက် ပတ်စ်ပို့ပြုလုပ်ပေးခြင်း ရပ်နားခဲ့သည့် မြစ်ကြီးနားမြို့တွင် ယနေ့အောက်တိုဘာ၁၄ရက်နေ့မှစပြီး နိုင်ငံကူးလက်မှတ် ပတ်စပိုစ့်ထုတ်ပေးခြင်းကို တစ်ဖန်ပြန်လည် လုပ်ဆောင်ပေးမည်ဖြစ်သောကြောင့် လျှောက်ထားနိုင်ပြီဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာ၁၁ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သည်။


ထုတ်ပြန်ချက်ထဲတွင် “နိုင်ငံကူးလက်မှတ်ဆောင်ရွက်ရန် Online Appointment Date ရရှိထားသူများအား ရန်ကုန်ရုံးနှင့် မန္တလေးရုံးခွဲတို့တွင် ဆောင်ရွက်ပေးလျက်ရှိရာမှ အောက်တိုဘာ၁၄ရက်နေ့မှစပြီး မြစ်ကြီးနားရုံးခွဲတွင်သာ ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်၍ သက်ဆိုင်ရာအိမ်ထောင်စုဝင်များအနေဖြင့် သတ်မှတ်ထားသော စာရွက်စာတန်းများနင့်အတူ မြစ်ကြီးနားရုံးခွဲတွင် နိုင်ငံကူးလက်မှတ်များ လျှောက်ထားနိုင်သည်” ဟု ဖော်ပြထားသည်။




ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလှိုင်လ၂၁ရက်နေ့ကတည်းက ဖုန်းနှင့် အင်တာနက်လိုင်း အဆက်အသွယ်များအားလုံး ဖျက်တောက်ခံခဲ့ရပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ်ကိုလည်း လည်ပတ်နိုင်ခြင်းမရှိဘဲ မြစ်ကြီးနားရုံးခွဲတွင် ပတ်စ်ပို့ထုတ်ပေးခြင်းကို ရပ်နားထားခဲ့သည်။ ယင်းနောက် ပတ်စ်ပို့ထုတ်ရမည့် ကချင်ပြည်နယ်မှ ပြည်သူများမှာ ရန်ကုန်နှင့် မန္တလေးမြို့သို့ သွားရောက်ကာ နိုင်ငံကူးလက်မှတ်ကို လျှောက်ထားခဲ့ကြရသည်။


စစ်ကောင်စီသည် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code ယူပြီး ရက်ချိန်းရယူရသည့်စနစ်ကို ၂၀၂၂ခုနှစ် မတ်လ ၂၁ရက်နေ့မှစ၍ စတင်အသုံးပြုခဲ့ရာ၊ ဒီဇင်ဘာလ ၅ရက်နေ့တွင် ယာယီပိတ်ပင်ကာ လုပ်ငန်းစဉ်များအားလုံး ရပ်နားခဲ့သည်။


ထို့နောက် ယမန်နှစ် ၂၀၂၃၊ ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် အွန်လိုင်းဖြင့် ပတ်စ်ပို့ စာအုပ်လျှောက်ထားမှုကို တစ်ဖန်ပြန်လည် အသက်သွင်းပြီး၊ ၂၀၂၄ခုနှစ် မေလ၁ရက်နေ့က စတင်ဆောင်ရွက်လာခြင်းဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page