top of page

မြစ်ကြီးနား-ပန်ဝါ လမ်းခရီးစရိတ် ယခင်ကထက် နှစ်ဆအထိ မြင့်တက်လာ

  • Writer: Pajau Media
    Pajau Media
  • Aug 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၀၊ ၈၊၂၀၂၄။



လက်ရှိ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေများကြောင့် ဖုန်းအဆက် အသွယ် ခက်ခဲသည့်အပြင် မြစ်ကြီးနား-ပန်ဝါသွား လမ်းခရီးစရိတ်မှာလည်း ယခင်ထက် နှစ်ဆအထိ မြင့်တက်လာကြောင်း မြစ်ကြီးနား-ပန်ဝါပြေးဆွဲနေသည့် ကားသမားတစ်ဦးထံမှ သိရသည်။


ယခင်အချိန်များတွင် မြစ်ကြီးနား-ပန်ဝါသွား လမ်းခရီးစရိတ်မှာ တစ်သိန်းကျပ်မှ နှစ်သိန်းကျပ်အထိသာ ရှိခဲ့ပေမယ့် ယခုနောက်ပိုင်းအချိန်တွင် ကျပ်ခြောက်သိန်းကျော်အထိ တစ်ဟုန်ထိုးမြင့်တက်သွားခဲ့ကြောင်း သိရသည်။


ယခုအချိန်ကာလတွင် ကချင်ပြည်နယ်မှ အလုပ်သမားများသာမက နေရာအနှံ့မှ အလုပ်သမားများမှာ ပန်ဝါဒေသသို့ အလုပ်အကိုင်အခွင့်အလမ်းအတွက် လာရောက်အလုပ်လုပ်ကိုင်လေ့ရှိသည့် အချိန်ဖြစ်သည်ဟုဆိုသည်။


သို့ပေမယ့် ဖုန်းအဆက်အသွယ်မရသည့်အပြင် အင်တာနက်လိုင်းအားလုံး ပြတ်တောက်ပြီးနောက်ပိုင်း ပန်ဝါဒေသသို့ လုပ်သားရှာဖွေပေးသည့် ပွဲစားများအတွက် အလုပ်မရှာပေးနိုင်သည့် အခက်အခဲနှင့် ကြုံတွေ့နေကြရသည်ဟု ဆိုသည်။


နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် ကုန်ဈေးနှုန်းများ နေ့စဉ်မြင့်တက်နေချိန် အလုပ်မရှိပဲ ဝင်ငွေမရှိခြင်းကြောင့် ပြည်သူအများစုမှာ ပန်ဝါဒေသသို့ လာရောက်အလုပ် လုပ်ကိုင်ကြသည်ဟု ဆိုသည်။


ထို့အပြင် အာဏာရစစ်ကောင်စီမှ ယခုဩဂုတ်လဆန်းနောက်ပိုင်း ကုန်ပစ္စည်းတင်ကားနှင့် ပန်ဝါမှအဆင်းကားများကိုသာ စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းခွင့်ပေးထားကြောင်းလည်း ထပ်မံသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page