မြစ်ကြီးနား-ဖားကန့်သွား ကားလမ်းပေါ်ရှိ ဆိုင်းဖရာနှင့်ကပ်မှော်ဇွပ်ကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့်KIAပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားနေ
- Pajau Media

- May 9, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၉ရက်၊မေလ၊၂၀၂၅။
KIAအမှတ်(၉)တပ်မဟာဒေသ၊ ဖားကန့်သွား ကားလမ်းပေါ်တွင် စစ်ကောင်စီနှင့်KIA နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မေလ(၈)ရက်နေ့အထိ မြစ်ကြီးနား-ဖားကန့်သွား ကားလမ်းပေါ်ရှိ ဆိုင်းဖရာနှင့် ကပ်မှော်ဇွပ်ကျေးရွာ အကြားတစ်နေရာတွင် KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
မေလ(၇)ရက်နေ့တွင်လည်း ကပ်မှော်ဇွပ်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလှုပ်ရှားလာချိန် KIAမှ စောင့်ကြိုတိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ ညနေပိုင်းတွင် စစ်တပ်က ဆိုင်းဖရာကျေးရွာသို့ ဝင်ရောက်လာကာ လက်ရှိဆိုင်းဖရာကျေးရွာတွင် တပ်စွဲနေထိုင်နေကြောင်း သိရသည်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လေယာဉ်၊ဒရုန်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် ပြည်သူများ၏ နေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။
သတင်း - ထုဆိုင်း










Comments