top of page

မြစ်ကြီးနား-ဖားကန့်သွားလမ်းပေါ်တွင် လက်နက်ကိုင် လူတစ်စုမှ ဓားပြတိုက်မှု ခကြာခနဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Mar 29, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၉ရက်၊မတ်လ၊၂၀၂၅။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ဖားကန့်သွားလမ်းပေါ်ရှိ လဝါးကျေးရွာနှင့် နမ္မတီးကျေးရွာအကြားတွင် ယခုရက်ပိုင်းအတွင်း သေနတ်ကိုင်ဆောင်ထားသည့် လူတစ်စုမှ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို သေနတ်ဖြင့်ခြိမ်းခြောက်ကာ ပစ္စည်းများ ဓားပြတိုက်ယူသည့်ဖြစ်စဉ် မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။


ပြီးခဲ့သည့် မတ်လ၂၆ရက်နေ့တွင်လည်း အဆိုပါလမ်းတွင် ခရီးသွားနေသည့် ဆိုင်ကယ်၊ကားများကို တားဆီးပြီး ပါလာသည့်ပစ္စည်းများကို ဓားပြတိိုက်လုယူသွားသည့် ဖြစ်စဉ်ရှိခဲ့ဖူးကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။


အဆိုပါ လက်နက်ကိုင်လူတစ်စုမှာ မည်သည့်အဖွဲ့အစည်းမှ ဖြစ်သည်ကို အတိအကျ မသိနိုင်သော်လည်း အသက်အရွယ်ရသည့် လူငယ်အဖွဲ့သာ ဖြစ်နိုင်ပြီး၊ သေနတ်၊ဓားတို့ကို ကိုင်ဆောင်ကာ ဖြတ်သွားဖြတ်လာသည့် ကား၊ဆိုင်ကယ်များမှ အဖိုးတန်ပစ္စည်းနှင့် ပိုက်ဆံတို့ကို လုယူသွားခြင်း ဖြစ်သည်။


လူငယ်များ ဓားမြတိုက်လုယူခဲ့သည့်နေရာမှာ မြစ်ကြီးနားမှ ဖားကန့်-တနိုင်းသို့သွားရာ ကားလမ်းမကြီးပေါ်တွင်ဖြစ်ပြီး၊ ပြီးခဲ့သည့်ရက်များတွင် KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိသောကြောင့် ကားလမ်းကို အဖွင့်အပိတ်အမြဲလုပ်နေရသည့် နေရာလည်း ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page