top of page

မြစ်ကြီးနား-ဖားကန့်သွားလမ်းအား စစ်ကောင်စီကဖြတ်သန်းသွားလာခွင့်ပိတ်ပင်ပြီး(၃)ရက်အကြာတွင် KIA ပူးပေါင်းတပ်ဖွဲ့ကပါ ဖြတ်သန်းသွားလာခွင့်ပြန်လည်ပိတ်ပင်ထား

  • Writer: Pajau Media
    Pajau Media
  • Apr 24, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၄ရက်၊ဧပြီလ၊၂၀၂၅။



မြစ်ကြီးနား-ဖားကန့်သွားလမ်းအာ စစ်ရေးအခြအနေအရ နှစ်ဖက်စစ်တပ်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားပြီး ဖားကန့်သွားလမ်းမပေါ်ရှိ ကားမိုင်းမြို့၌လည်း စစ်ကောင်စီမှအင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလှုပ်ရှားနေကြောင်း ဒေသခံပြည်သူများ ပြောပြချက်အရသိရသည်။


“လမ်းကိုတော့ စစ်ကောင်စီတပ်က အရင်စပိတ်လိုက်တာ။ သူတို့ပိတ်ပြီး သုံးရက်လောက်နေမှ KIA ဘက်က ပြန်ပိတ်လိုက်တာဟုတ်တယ်။ လမ်းတွေပိတ်လိုက်တော့ ပုံမှန်ခရီးသွားတဲ့ သူတွေက ဒုက္ခရောက်နေကြပြီး၊ စစ်ကောင်စီတပ်တွေက ဒီကားမိုင်းမြို့မှာ စစ်ကြောင်းထိုး၊ စစ်‌ရေးလှုပ်ရှားလာတာတွေရှိတော့ သတိထားပြီး၊ နေနေရတယ်” ဟု ကားမိုင်း‌ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက်နေ့မှစပြီး မြစ်ကြီးနား-ဖားကန့်သွား ကားလမ်းကို စတင်ပိတ်ပင်လိုက်ရာ KIAဘက်မှလည်း ယနေ့ ဧပြီ ၂၄ရက်နေ့တွင် ရက်အကန့်သတ်မရှိ ထပ်မံပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။


KIAဘက်မှ ကားလမ်းတန်ပြန်ပိတ်လိုက်ခြင်းမှာ စစ်ကောင်စီမှယာယီအပစ်ခတ်ရပ်စဲရေးကို ရက်တိုးထုတ်ပြန်ကြေညာထားသော်လည်း ကားမိုင်းဒေသဘက်တွင် အပြင်းအထန်စစ်ကြောင်းထိုး လှုပ်ရှားနေသောကြောင့် တန်ပြန်ပိတ်လိုက်ခြင်းဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်ထံမှ သိရသည်။


“ဒီစစ်ကောင်စီက ယာယီအပစ်ခတ်ရပ်စဲရေးကို ရက်တိုးမြင့်ထားကြောင်း ကြေငြာထားပေမဲ့ ကားမိုင်းမြို့တွင်းမှာတော့ စစ်ကြောင်းအပြင်းထန်ထိုးလာပြီး စစ်ရေးလှုပ်ရှားလာနေတော့ ကျွန်တော်တို့ဘက်ကပြန်ပိတ်လိုက်ရတာ” ဟု အထက်ပါရှေ့တန်းရင်းမြစ်က ပြောသည်။


စစ်ကောင်စီတပ်ဖွဲ့များမှာ ကားလမ်းပိတ်ပြီးနောက် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ စစ်ရေးလှုပ်ရှားမှုများ ပြင်းပြင်းထန်ထန် လှုပ်ရှားလာသောကြောင့် ခရီးသွားပြည်သူများလည်း သွားလာရေးခက်ခဲသွားသည်ဟု ဆိုသည်။


စစ်ကောင်စီတပ်ဖွဲ့များမှာ မြစ်ကြီးနား-ဖားကန့်သွားလမ်းပေါ်ရှိ လဝါးကျေးရွာ၌လည်း ပြီးခဲ့သည့် မတ်လအတွင်း ဝင်ရောက်တပ်စွဲခဲ့ပြီး ကျေးရွာအနီးဝန်းကျင်အတွင်း KIAနှင့် ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားခဲ့ကြသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page