top of page

မြစ်ကြီးနား-ဗန်းမော်ကွင်းလမ်း ပိတ်ပင်ထားသောကြောင့် တရုတ်ပြည်သို့တင်ပို့မည့် ငှက်ပျောကားများပိတ်မိနေ

  • Writer: Pajau Media
    Pajau Media
  • Jul 15, 2025
  • 1 min read

ပါဂျောင်မီီဒီယာ။

၁၅ရက်၊ဇူလိုင်လ၊၂၀၂၅။


မြစ်ကြီးနား-ဗန်းမော်ကွင်းလမ်းဖြစ်သည့် နန်ဇော်သွားလမ်း ပိတ်ပင်ထားသောကြောင့် တရုတ်ပြည်သို့တင်ပို့နေသည့် ငှက်ပျောသယ်ကားများ ပိတ်မိနေသည်မှာ တစ်ပတ်နီးပါး ရှိလာပြီဖြစ်ကြောင်း ခရီးသွားများ ပြောပြချက်အရသိရသည်။


“နန်ဇော်သွားလမ်းက အခုတလော အရမ်းသွားလာရခက်တယ်။ ဆိုင်ကယ်သွားရဖို့တောင် အရမ်းခက်နေတာ။ ငှက်ပျောသယ်ကား တစ်စီးက မှောက်နေတာ။ နောက်တစ်စီးလဲ မှောက်ခါနီး စောင်းနေပြီ။ အဲ့ကြောင့် ဆိုင်ကယ်တွေက ဘေးကနေ ခက်ခက်ခဲခဲ သွားလာနေရတဲ့ အခြေအနေဘဲ။” ဟု ခရီးသွားတစ်ဦးမှ ပြောပြသည်။


တစ်ဖက်မှာလည်း စစ်ကောင်စီဂိတ်တွင် ပိုက်ဆံအဆမတန် ကောက်ခံနေသောကြောင့် ငှက်ပျောသယ်ကားကြီးများမှာ ယခင်မိုင်းနားအထွက်လမ်း မဟုတ်ဘဲ၊ နောင်ချိန်းအထွက် လမ်းဘက်မှသာ သွားလာနေရသည့် အခြေအနေလည်း ဖြစ်သည်ဟု ဆိုသည်။


“လမ်းတစ်လျှောက်လုံး ပြည်သူ့စစ်နဲ့ စစ်တပ်ဂိတ်တွေက ပိုက်ဆံကောက်နေတာ။ ငှက်ပျောသယ်ကားတစ်စီးကို ၇သိန်းအထက် ကောက်နေတာ။ ကုန်သယ်ကားတွေကိုတော့ ငါးသောင်းအထက် ကောက်တယ်။ KIAဂိတ်တွေလည်း ရှိတယ်။ ဒါပေမဲ့မှတ်ပုံတင်ပဲ စစ်ပြီးသွားခိုင်းတယ်။” ဟု အထပ်ပါ ခရီးသွားမှဆက်ပြောသည်။


ဝိုင်းမော်-ဝူယာန်လမ်းမကြီးကို စစ်ကောင်စီတပ်မှ ပိတ်ပင်လိုက်ပြီးနောက် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က မြစ်ကြီးနားနှင့်ဗန်းမော်ကွင်းလမ်းဖြစ်သည့် နန်ဇော်သွားလမ်းမှ မိုင်းနားအထွက်လမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များအထိုင်ချကာ ပိုက်ဆံကောက်ခံနေကြကြောင်းသိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page