top of page

မြစ်ကြီးနားမြို့၊ ဂျန်မိုင်ကောင်း၊ ရပ်ကွက် (၁) မှ နှစ်ထပ်ပျဉ်ထောင် အိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့

  • Writer: Pajau Media
    Pajau Media
  • Dec 20, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ဒီဇင်ဘာ၊၂၀၂၄။



မြစ်ကြီးနားမြို့၊ ဂျန်မိုင်ကောင်း၊ ရပ်ကွက် (၁) မှ နှစ်ထပ်ပျဉ်ထောင် အိမ်တစ်လုံးနီးပါး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။


"ကျမတို့နဲ့သိပ်မဝေးဘူး။ ‌အိမ်က ဘာမှမကျန်ဘူး။ အကုန်မီးလောင်ပြာကျသွားခဲ့တာ။ မီးငြိမ်းနိုင်ခဲ့ပေမယ့် အိမ်တိုင်တွေပဲ ကျန်နေပြီ။ မြေးအဘွားနှစ်ယောက်က သနားစရာလေးပဲ။"


ဖြစ်စဉ်မှာ ဖရောင်းတိုင်မီးမှတစ်ဆင့် စတင်မီးလောင်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါအိမ်တွင် အဘွားတစ်ယောက်နှင့် ကလေးငယ်မြေးတစ်‌ယောက်သာ ရှိနေချိန် မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု ဂျန်မိုင်ကောင်းရပ်ကွက်နေ ပြည်သူများက ပြောသည်။


မီးလောင်ပျက်စီးခဲ့ချိန်မှာ ယနေ့ည ဒီဇင်ဘာ၂၀ရက် ည၈နာရီဝန်းကျင်အချိန်တွင် ဖြစ်ပွားခဲ့ပြီး အိမ်တွင်းပစ္စည်း အပါအဝင် အခြားမည်သည့်ပစ္စည်းမှ ဆယ်ယူနိုင်ခြင်းမရှိဘဲ၊ မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။


လက်ရှိမှာတော့ မီးသတ်ကားနှင့် အိမ်နီးချင်းများအားလုံး ဝိုင်းဝန်းကူညီမှုကြောင့် မီးငြိမ်းသွားခဲ့ပြီဖြစ်ပေမယ့် အိမ်ရှင်အဘွားနှင့် မြေးက နေစရာနေအိမ်အခက်အခဲ ရှိနေကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page