မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနှောင်အားကစားကွင်း တစ်ဝိုက်တွင် အမှိုက်များ မြင်မကောင်းအောင် ပုံနေပြီး ပတ်ဝန်းကျင်နေ ပြည်သူများ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကြုံတွေ့နေရ
- Pajau Media

- Dec 27, 2023
- 1 min read
ပါဂျောင်မီဒီယာ

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနှောင်အားကစားကွင်း တစ်ဝိုက်တွင် အမှိုက်များ မြင်မကောင်းအောင် ပုံနေပြီး ပတ်ဝန်းကျင်နေ ပြည်သူများ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကြုံတွေ့နေရသည်။
“မနှစ်ကတည်းကဘဲ ညဖက်တွေမှာ ကားနဲ့လာပစ်ထားကျတာ, အမှိုက်မပစ်ရလို့ ကပ်ထားလည်း ပစ်တာပဲ ကျနော်တို့က ဘာများတတ်နိုင်မှာလည်း။ တစ်ခြားရပ်ကွက်တွေလည်း ဒီမှာ လာပစ်ကြတယ် သတ်မှတ်နေရာမှာ စနစ်တကျ ပစ်ရင်တော့ သိမ်းတဲ့လူတွေလည်း အဆင်ပြေမယ် ကျနော်တို့ ပတ်ဝန်းကျင်ကလူတွေလည်း အဆင်ပြေတယ်လေ”
စီတာပူဒူဝါဇော်ရစ်လမ်း၊ တပ်ကုန်းနှင့် စီတာပူရပ်ကွက် ဆက်ထားသော လမ်းဒေါင့် မနှောင်အားကစားကွင်းဘေး တစ်ဝိုက်တွင် ပလပ်စတစ်အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းများကြောင့် ပတ်ဝန်းကျင်နေ ပြည်သူများ အနံ့ဆိုးများ နေ့စဉ်ကြုံရသည့်အပြင် တစ်ခါတစ်ရံ ပလပ်စတစ် မီးရှို့မှုများကြောင့် လေထု ညစ်ညမ်းမှု ဖြစ်နေသည်မှာ ၁ နှစ်ခန့်ရှိနေပြီ ဖြစ်ကြောင်း ပတ်ဝန်းကျင်နေ ပြည်သူများ ပြောလာပါသည်။
သတင်း - Hkungri

































Comments