top of page

မြစ်ကြီးနားမြို့တွင် Star Link ဝိုင်ဖိုင်စက်များအား ဖမ်းဆီးမှုများရှိလာ

  • Writer: Pajau Media
    Pajau Media
  • Oct 28, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၈ရက်၊အောက်တိုဘာ၊၂၀၂၄။



ကချင်ပြည်နယ်တွင် စစ်ကောင်စီမှ ဖုန်းနှင့်အင်တာနက်လိုင်းအားလုံး ဖြတ်တောက်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့တွင် Starlink၊ IP star | Knet ဝိုင်ဖိုင်ဖြင့် အင်တာနက်ဆိုင် ဖွင့်လှစ်သူ များပြားလာခဲ့ပြီး၊ လက်ရှိမှာ မြစ်ကြီးနားမြို့ရှိ အချို့အင်တာနက်ဆိုင်များကို စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်လာသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


ဒေသခံများပြောဆိုချက်အရ မြေမြင့်၊ ယုဇနနှင့် ဧရာရပ်ကွက်များတွင် ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်များကို စစ်တပ်က ရှာဖွေစစ်ဆေးမေးမြန်းခြင်းအပြင် Star Link ဝိုင်ဖိုင်စက်ရှိပါက သိမ်းယူခြင်းများပြုလုပ်လာကြောင်းသိရသည်။


လက်ရှိ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်တိုင်းနီးပါးတွင် အင်တာနက်ဆိုင်များရှိနေပြီး စစ်တပ်မှ လိုက်လံဖမ်းဆီးမှုများ ရှိလာသောကြောင့် အချို့ဆိုင်များမှာ “ဝိုင်ဖိုင်အသုံးပြုနိုင်သည်” ဆိုသည့်ဆိုင်းဘုတ်များ ဖြုတ်ချထားသူ များလာကြောင်းနှင့် အချို့ဆိုင်များမှာ ယာယီရပ်နားထားကြောင်း သိရသည်။


လက်ရှိ ကချင်ပြည်နယ်တွင် ထိတွေ့တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေဆဲ ဖြစ်ပြီး၊ အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်ထားသည်မှာလည်း သုံးလကျော်သို့ ရောက်ရှိလာပြီ ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page