top of page

မြစ်ကြီးနားမြို့တွင် စက်သုံးဆီများ ပြတ်လပ်လျှက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Nov 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊နိုဝင်ဘာ၊၂၀၂၄။





ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စက်သုံးဆီဝင်ရောက်ခြင်း ရပ်တန့်သွားသောကြောင့် ယမန်နေ့မှစပြီး မြို့တွင်း စက်သုံးဆီဆိုင်ကြီးများ အားလုံးနီးပါး အချိန်အကန့်အသတ်ဖြင့်သာ ရောင်းချပေးတော့သည့်အပြင် ယနေ့နံနက်ပိုင်း ၈နာရီခွဲအချိန်တွင် စစ်ကောင်စီမှ ဧရာဝတီမြစ်ကူးတံတားဖြစ်သည့် ဗလမင်းထင်တံတားကိုပါ ထပ်မံပိတ်ပင်ထားသောကြောင့် မြစ်ကြီးနားဒေသခံများ ရက်ရှည်ဆီပြတ်လပ်လာမည်ကို စိုးရိမ်ပူပန်နေရကြောင်း သိရသည်။


အချို့ဆီဆိုင်များမှာ မနက်ပိုင်းနှင့် ညနေ၃နာရီနောက်ပိုင်း ခေတ္တခဏ ဖွင့်လှစ် ရောင်းချပေးနေပြီး၊ ဆီဆိုင်အများစုမှာ ဓာတ်ဆီပြတ်လပ်နေကြောင်း “ဓာတ်ဆီကုန်နေသည်” ဆိုသည့် စာကိုဆိုင်ရှေ့ ရေးကပ်ထားခြင်း၊ လက်ရမ်းခါပြခြင်းများ လုပ်ဆောင်နေသည်ဟု ဆိုသည်။


လက်ရှိ မြစ်ကြီးနားမြို့တွင် ဓါတ်ဆီတစ်လီတာ ၉၅၀၀ကျပ်နှင့် ၁၀၀၀၀ကျပ်အတွင်း ရှိနေပြီး၊ လမ်းဘေးဆီဆိုင်များတွင် ၁၁၀၀၀ကျပ်နှင့်အထက်သို့ ရောင်းချနေကြောင်းနှင့် ဆီပြတ်လပ်သောကြောင့် လိုသလောက်မရဘဲ၊ သုံးသောင်းကျပ်မှ ငါးသောင်းကျပ်အထိ အကန့်အသတ်ဖြင့်သာ ရောင်းချနေကြောင်းလည်း ထပ်မံသိရသည်။


ပြီးခဲ့သည့် နိုဝင်ဘာ၁၇ရက်နေ့မှစပြီး ဆီဆိုင်အချို့ စက်သုံးဆီပြတ်လပ်စပြုလာပြီဖြစ်ပေမယ့် ယမန်နေ့မှစ၍ ပိုမိုခက်ခဲသွားပြီး ဆိုင်အချို့ပိတ်ထားသည်အထိ ဖြစ်လာကြောင်းနှင့် နိုဝင်ဘာ၂၁ရက်နေ့ မနက်ပိုင်းကတည်းက မြစ်ကူးတံတား ဗလမင်းထင်တံတားကိုပါ စစ်ကောင်စီမှ ထပ်မံပိတ်ပင်လိုက်ခြင်းကြောင့် ဒေသခံများ ယခုထက် ရက်ရှည်ဆီပြတ်လပ်လာမည်ကို စိုးရိမ်နေကြသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page