top of page

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီမှ လုံခြုံရေးတိုးမြင့်လျှက်ရှိပြီး ဆိုင်ခန်းအမည်များကို စာရင်းလိုက်လံကောက်ခံလျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Feb 27, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၇ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



မြစ်ကြီးနားမြို့ရှိ လမ်းဆုံလမ်းခွနေရာများနှင့် လမ်းမကြီးပေါ် များတွင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ဖြတ်သွားဖြတ်လာ ပြည်သူများကို စစ်ဆေးမေးမြန်းခြင်းနှင့် ဒေသခံများ၏ ဆိုင်နာမည်များ လိုက်လံကောက်ယူနေကြောင်း သိရသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ရက်နေ့တွင်လည်း စီတာပူတက္ကသိုလ်ကျောင်းလမ်းရှိ ဆိုင်များကို စစ်ကောင်စီ၏လက်အောက်ငယ်သားဟု ယူဆရသူ ၁၀ဦးခန့်မှ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ဆိုင်နာမည်များကောက်ယူသွားကြောင်း သိရသည်။


ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ဦးထုတ်မဆောင်းဘဲ ဆိုင်ကယ်မောင်းနှင်သူများကိုလည်း အပြင်းအထန် ဖမ်းဆီးစစ်ဆေးနေသည့်အပြင် ဖမ်းဆီးခံရသည့်ဆိုင်ကယ်တစ်စီးကို နှစ်သောင်းကျပ်နှုန်းဖြင့် ငွေကောက်ခံနေကြောင်းလည်း သိရသည်။


တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များက နမ္မတီးမြို့ရှိ လမ်းခွကျေးရွာနှင့် ကျောက်တောင်ဂိတ်များတွင် ဖြတ်သွားဖြတ်လာပြည်သူများနှင့် ဆိုင်ကယ်၊မော်တော်ကားများအား စစ်ဆေးမေးမြန်းမှုများ ယခုရက်ပိုင်းအတွင်း အပြင်းအထန် လုပ်ဆောင်နေသည်ဟု ဆိုသည်။


လက်ရှိ နမ္မတီးမြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်များ ပူးပေါင်းကာ ကျေးရွာအတွင်း လုံခြုံရေးတိုးမြင့်ပြီး စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page