top of page

မြစ်ကြီးနားမြို့တွင် ဆောက်လုပ်နေဆဲဖြစ်သည့် သင်္ကြန်မဏ္ဍပ်များကို ရပ်တန့်ကာ ပြန်လည်ဖျက်သိမ်းနေကြောင်း မြစ်ကြီးနားမြို့ခံများထံမှ သိရ

  • Writer: Pajau Media
    Pajau Media
  • Apr 7, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၇ရက်၊ဧပြီလ၊၂၀၂၅။






မြစ်ကြီးနားမြို့တွင် ဆောက်လုပ်နေဆဲဖြစ်သည့် သင်္ကြန်မဏ္ဍပ်များကို ရပ်တန့်ကာ ပြန်လည်ဖျက်သိမ်းနေကြောင်း မြစ်ကြီးနားမြို့ခံများထံမှ သိရသည်။


မတ်လ၂၈ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားပြင်း ငလျှင်ကြောင့် များပြားသည့် အသက်သေဆုံးမှုနှင့် နေအိမ်၊ အဆောက်အအုံများ ပျက်စီးမှုများပြားခဲ့သည့်အတွက် မြစ်ကြီးနားမြို့တွင်ကျင်းပရန်စီစဉ်ထားသည့် ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်နေသည်ကိုရပ်တန့်ကာ ပြန်လည်ဖျက်သိမ်းနေသည်ကို တွေ့ရသည်ဟု မြို့ခံတစ်ဦးက ဆိုသည်။


မြန်မာနိုင်ငံတွင် မတ်လ၂၈ ရက်နေ့က အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ (၃၆၀၀)ကျော်၊ပျောက်ဆုံးနေသူ(၄၀၀)ကျော် နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၆၀၀၀) ကျော်ရှိလာပြီဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page