top of page

မြစ်ကြီးနားမြို့တွင်း ဆွဲကြိုးလုယက်မှု ထပ်မံဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Mar 3
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ မတ်လ၊ ၂၀၂၆။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ခိုးဆိုး၊လုယှက်မှုများ ပိုမိုများပြားလာပြီး၊ ယနေ့တွင်လည်း လုယှက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့ခံများက ပြောသည်။


ယနေ့ မတ်လ ၃ရက်နေ့တွင် အေးစေတီရပ်ကွက်တွင်း အမျိးသမီးနှစ်ဦး စီးနှင်လာသည့် ဆိုင်ကယ်နောက်မှ အမျိးသားတစ်ဦးသည် ဆိုင်ကယ်ဖြင့် အမှီလိုက်ကာ ဆွဲကြိုးလုယူ ထွက်ပြေးသွားကြောင်း သိရသည်။


မြစ်ကြီးနားမြို့ခံ အမျိုးသမီး တစ်ဦးမှလည်း “ဟိုတခေါက်က ကျွန်မသူငယ်ချင်းတယောက်လည်း သင်တန်းသွားတာ လမ်းမှာဆိုင်ကယ်တားရပ်ပြီး လုယူသွားတာ။ အဲ့လိုမျိုးကြားရတာတော့ ခဏခဏပဲ၊ မြစ်ကြီးနားမြို့က လုံခြုံမှုမရှိတော့ဘူး။” ဟု ပြောသည်။


အဆိုပါအမျိုးသမီးလည်း နံနက် ၇နာရီ သင်တန်းသွားချိန် တရုတ်ဘုံကျောင်းနားအရောက်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးမှ ရုတ်တရက် ဆိုင်ကယ်ရှေ့ရပ်၊ သွန်းထုတ်ပြီး လုယူသွားသည်ဟု ဆိုသည်။


ဒေသခံများက မြစ်ကြီးနားမြို့တွင်း လောင်းကစားဝိုင်းများ မြိုင်မြိုင်ဆိုင်ဆိုင် ဖွင့်လာသောကြောင့်လည်း ဒုစရိုက်မှုများ များပြားလာသလို၊ နေအိမ်တွင်းဝင်ခိုးခြင်း၊ ဆိုင်ကယ်လုယူခြင်း၊ ဆွဲကြိုး၊ ပိုက်ဆံအိတ်နှင့် ဖုန်း စသည့် တန်ဖိုးကြီးပစ္စည်းများ လုယုက်မှုမှာ မကြာခဏကြုံတွေ့နေရသည်ဟု ဆိုသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page