မြစ်ကြီးနားမြို့တွင် နေအိမ်သုံးအိမ်နှင့် ကားတစ်စီးမီးလောင်
- Pajau Media

- Aug 7, 2025
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊ သြဂုတ်၊ ၂၀၂၅။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်တွင် ယနေ့ ဩဂုတ် ၇ ရက်နေ့ မနက် ၉ နာရီဝန်းကျင်တွင် မီးလောင်မှု ဖြစ်ပွားပြီး နေအိမ်သုံးအိမ်နှင့် ကားတစ်စီးမီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မီးလောင်ရသည့်အကြောင်းရင်း မသိရှိသေးသော်လည်း အိမ်ခန်းသုံးခန်းပါ အိမ်တန်းလျားမှ စတင်မီးလောင်ကျွမ်းခဲ့ပြီး ကားတစ်စီးနှင့်ဘေးအိမ်ထိ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။
မီးလောင်းသည့်အကြောင်းအရင်းကို သက်ဆိုင်ရာဌာနမှ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးလောင်မှု ၆၁၀ ဖြစ်ပွားခဲ့ပြီး မီးကိုသတိမထား ပေါ့ဆမှုကြောင့် နှင့် လျှပ်စစ်ကြောင့် မီးလောင်ကျွမ်းမှုအများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
သတင်း-ဖရိန်း




Comments