top of page

မြစ်ကြီးနားမြို့တွင် ပုံမှန်အလှည့်ကျလျှပ်စစ်မီးပေးနေသည့်အချိန်များ ပျက်ကွက်ပြောင်းလဲလာသဖြင့်မြို့နေပြည်သူများအခက်အခဲကြုံနေ

  • Writer: Pajau Media
    Pajau Media
  • Mar 20, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၀ရက်၊မတ်လ၊၂၀၂၅။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်သူနေရပ်ကွက်များသာမက အစိုးရဝန်ထမ်းအိမ်ရာနှင့် အစိုးရဆိုင်ရာရုံးများတွင် လျှပ်စစ်မီး ပြတ်တောက်လျှက်ရှိသောကြောင့် လုပ်ငန်းများအတွက် အခက်အခဲဖြစ်လာကြောင်း သိရသည်။


“အစိုးရရုံးကိုမီးပေးလို့ဆိုပြီး တိုင်စာတွေရောက်တော့ အစိုးရရုံးတွေကိုလည်း အချိန်အကန့်အသတ်မီးပေးရေး လုပ်လိုက်တာ။ ရုံးကလူတွေတင်မကဘူး ပြည်သူတွေပါ ဒုက္ခရောက်ကုန်တာပေါ့” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။


လျှပ်စစ်မီးကို အချိန်အကန့်အသတ်ဖြင့် စတင်ဖြန့်ဖြူးပေးနေချိန် အစိုးရဆိုင်ရာရုံးများနှင့် အစိုးရဝန်ထမ်းအိမ်ရာအတွင်း အချိန်ပြည့် လျှပ်စစ်မီးရရှိနေသောကြောင့် အချို့ရပ်ကွက်များမှ တိုင်ကြားစာ ပေးပို့ခဲ့သည်ဟု ဆိုသည်။






ထို့ကြောင့် နှစ်ဆန်းပိုင်းမှစတင်ပြီး အစိုးရရုံးနှင့် ဝန်ထမ်းအိမ်ရာများလည်း အချိန်အကန့်အသတ်ဖြင့်သာ လျှပ်စစ်မီးရရှိခဲ့ရာ၊ ပတ်စပို့လုပ်ခြင်း၊ စမတ်ကတ်လုပ်ဆောင်ပေးခြင်းနှင့် အစိုးရရုံးများအတွက် အဆင်မပြေမှု ဖြစ်လာသည်ဟု ပြောသည်။


“အရင်က လျှပ်စစ်မီးအဆင်ပြေတုန်းကတော့ ပတ်စပို့နဲ့ စမတ်ကတ်လုပ်တာ သိပ်မကြာဘူး။ အခုက မီးပြတ်လိုက် လိုင်းကျလိုက်နဲ့ တစ်ရက်ကို အယောက်၅၀တောင် မနည်းလုပ်နေရတာ။” ဟု ပတ်စပို့ရုံးနှင့်နီးစပ်ရာတစ်ဦးက ပြောသည်။


ယခုကာလအတွင်း လူငယ်များလည်း ပြည်တွင်းထက် ပြည်ပထွက်ကာ တိုင်းတစ်ပါးသို့ ကျောင်းတက်၊ အလုပ်လုပ်ရန် ပိုမိုစိတ်အားထက်သန်လာသည့်တွက် နိုင်ငံကူးလက်မှတ်ကို အလုအယက်အချိန်ပေး လုပ်ဆောင်နေကြကြောင်း သိရသည်။


သတင်း - အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page