top of page

မြစ်ကြီးနားမြို့တွင် ယခုနှစ် သင်္ကြန်ပွဲတော်အတွက် ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ မဏ္ဍပ်များ ဆောက်လုပ်ကာ လမ်းလျှောက်သင်္ကြန် ပြုလုပ်ကျင်းပသွားမည်

  • Writer: Pajau Media
    Pajau Media
  • Apr 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ ဧပြီလ၊ ၂၀၂၄ခုနှစ်။


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုနှစ် သင်္ကြန်ပွဲတော် ကျင်းပပြုလုပ်ရန် ဧရာရပ်ကွက်ရှိ အမှတ်(၁)ကျောင်းနှင့် အမှတ်(၈)ကျောင်းကြား နေရာတွင် ဗဟိုမဏ္ဍပ် ၊ အမှတ်(၁)နှင့် အမှတ် (၉)ကျောင်းကြားနေရာတွင် ဌာနဆိုင်ရာ မဏ္ဍပ်များ ဆောက်လုပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


"ဌာနဆိုင်ရာ မဏ္ဍပ်ဘက်အခြမ်းဆို ခါတိုင်းနှစ်တွေလိုပဲ။ အမှတ် (၁) ကျောင်းရှေ့ နဲ့ ကျောက်စိမ်းတုံး အကျော်လောက်မှာ ဘန်ကာတွေနဲ့ အတားအဆီးလုပ်ပြီး ကား၊ ဆိုင်ကယ် မဝင်ခိုင်းတော့ပဲ လမ်းပိတ်ထားပြီး လမ်းလျှောက်သင်္ကြန်သဘောမျိုး ပါဝင်မယ်။” ဟု ဌာနဆိုင်ရာမှ နီးစပ်သူတစ်ဦး ပြောပြချက်အရသိရှိရသည်။


ယခုနှစ်သင်္ကြန်ကို အရပ်လေးမျက်နာ လုံခြုံရေးအပြည့်ဖြင့် လမ်းလျှောက်သင်္ကြန်ပြုလုပ်ကျင်းပမည်ဖြစ်ပြီး၊ ဗဟိုမဏ္ဍပ်ဘက်ခြမ်းတွင် အံတော်ရှင်ရှေ့နှင့်စီးပွားရေးဘဏ်မှ စပြီး လမ်းပိတ်ထားကာ၊ ကား၊ ဆိုင်ကယ်များပါ မဝင်ခိုင်းတော့ဘဲ လမ်းပိတ်ကာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ဌာနဆိုင်ရာ မဏ္ဍပ်နေရာတွင် သင်္ကြန်ပွဲတော်အတွင်း၌ ဌာနတစ်ခုလျှင် လူဦး‌ရေ ကန့်သတ်ကာ မလာမနေရစနစ်ဖြင့် စာထုတ်ဆင့်ခေါ်မှုများလည်း ရှိနေသည်ဟု ကနေဦး သတင်းရင်းမြစ်များထံမှ သိရသည်။

သင်္ကြန်ပွဲတော်အချိန်အခါနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင်လည်း ဗဟိုမဏ္ဍပ်ဆောက်လုပ်နေရာတွင် ညအချိန်ဗုံးပေါက်ကွဲမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူအချို့လည်း ရှိခဲ့ကြောင်း သိရသည်။


ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ကချင်ပြည်နယ် နေရာအနှံ့တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး မြစ်ကြီးနားမြို့ပြင် ကျေးရွာများတွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။


သတင်း - ဒေဝ




Comments


Pajau Media

Thanks for subscribing!

bottom of page