top of page

မြစ်ကြီးနားမြို့တွင် ရုတ်တရက် ဗုံးပေါက်ကွဲလာ၊ လူထိခိုက်မှုမရှိ

  • Writer: Pajau Media
    Pajau Media
  • Aug 18
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ ဩဂုတ်၊ ၂၀၂၅။





မြစ်ကြီးနားမြို့၊ အထက(၃) ကျောင်းရှေ့လမ်းကြားမှ All Starဘော်ဒါဆောင်အရှေ့တွင် ယနေ့နံနက် ၁၀နာရီ၀န်းကျင်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


"ဘယ်သူ၊ ဘာကြောင့်ဆိုတာက မသိဘူး။ ဗုံးပေါက်ကွဲတာကြောင့် အနီးအနားက ကား ၃ စီးတော့ ဗုံးစထိခိုက်သွားတယ်။ ဒီမနက်၁၀နာရီလောက်က" ဟု မျက်မြင်တစ်ဦးက ပြောသည်။


မျက်မြင်ပြောဆိုချက်အရ လူထိခိုက်သေဆုံးမှုမရှိသော်လည်း landcrusier၊ Honda Fit နဲ့ Air wave ကားသုံးစီးမှာ ဗုံးစထိမှန် ပျက်စီးသွားကြောင်း သိရသည်။


ဒေသခံများက ဗုံးပေါက်ကွဲလာသည့် အကြောင်းအရင်းကို မသိရသလို မည်သို့ပေါက်ကွဲလာသည်ကိုလည်း မသိရဘဲ ဗုံးပေါက်ကွဲသံကိုသာ ကြားခဲ့ရသည်ဟု ဆိုသည်။


ထို့အပြင် ကျောင်းသားများနေထိုင်သည့် အဆောင်နားဖြစ်သောကြောင့် အားလုံးထိတ်လန့် စိုးရိမ်နေကြကြောင်း သိရသည်။


သတင်း - ထုဆိုင်း

Video Credit to Owner


Comments


Pajau Media

Thanks for subscribing!

bottom of page