top of page

မြစ်ကြီးနားမြို့တွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ကစားသူ များပြားလာ

  • Writer: Pajau Media
    Pajau Media
  • Aug 6, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၆၊ ၈၊ ၂၀၂၄။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် တရားမဝင်သည့် ငါးပစ်ဂိမ်း၊ ဖဲ(ရှမ်းကုန်းမီး)၊ ပယ်ကြားလှော်၊ ကြက်ဝိုင်းနှင့် လေးကောင်ဂျင် စသည့်လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်လာသောကြောင့် ဒေသခံများမှာ ခိုးဆိုးလုယက်မှုတွေ သောင်းကျန်းလာမည်ကို စိုးရိမ်နေရသည်ဟု ပြောသည်။


အထက်ပါ လောင်းကစားဝိုင်းများမှာ စီတာပူရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ ကချင်စုရပ်ကွက်နှင့် ကြာရာပတီးရပ်ကွက် စသည့် ရပ်ကွက်များတွင် ဖွင့်လှစ်ကစားလာကြပြီး၊ တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် လူဦးရေမှာ သုံးရာမှလေးရာအထိ ရှိကြောင်း သိရသည်။


တရားမဝင်သည့် လောင်းကစားဝိုင်းများမှာ အာဏာပိုင်များနှင့် ညှိယူပြီး လိုင်းကြေးပေးကာ ပြန်လည်ဖွင့်လှစ်လာသည့်အပြင် လောင်းကစားဝိုင်းအသစ်များပါ ထပ်မံတိုးချဲ့ ဖွင့်လှစ်လာသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။


ထို့ကြောင့် ဒေသခံများမှာ လက်ရှိဖြစ်ပျက်နေသည့် ဖုန်းအဆက်အသွယ် ပြတ်တောက်ထားသည့် အခြေအနေတွင် တရားမဝင်သည့် လောင်းကစားဝိုင်းများ ပိုမိုများပြားလာခြင်းကို စိုးရိမ်နေရသည်ဟု ပြောဆိုနေကြပြီး၊ အဆိုးဆုံးဖြစ်သည့် နောက်ဆက်တွဲဆိုးကျိုးမှာ ခိုးဆိုးလုယက်မှုများ များပြားလာမည်ကို စိုးရိမ်နေကြကြောင်း မေးမြန်းစုံစမ်းကြားသိရသည်။


ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နှစ်လယ်ပိုင်းတွင် အာဏာပိုင်အချို့ ရာထူးအပြောင်းအလဲဖြစ်ပြီးနောက် မြစ်ကြီးနားမြို့တွင်းရှိ လောင်းကစားဝိုင်းများအားလုံး ခေတ္တယာယီ ပိတ်သွားခဲ့ပေမယ့် ယခုရက်ပိုင်း ဖုန်းအဆက်အသွယ်နှင့် အင်တာနက်လိုင်းအားလုံး ပြတ်တောက်နေချိန်တွင် တရားမဝင် လောင်းကစားဝိုင်းများအားလုံး ပြန်လည်ဖွင့်လှစ်လာခြင်းဖြစ်ပြီး၊ ခန့်မှန်းခြေအားဖြင့် လောင်းကစားဝိုင်း ၁၅ ဝိုင်းမှ ဝိုင်း ၂၀ အထိ ရှိနိုင်ကြောင်း သိရသည်။


မြစ်ကြီးနားမြို့တွင် အုပ်ချုပ်ရေး ယန္တရား ပျက်ဆီးယိုယွင်းနေသည့် ၂၀၂၁ခုနှစ် နောက်ပိုင်း တာဝန်ရှိသူများမှ အရေးယူဆောင်ရွက်မှုများ မရှိသလောက်ရှားပါးလာပြီး၊ ရပ်ကွက်တိုင်းလိုလို တရားမဝင်သည့် လောင်းကစားဝိုင်းများ ဖွင့်လှစ်ကစားမှုကို မျက်ကွယ်ပြုမှုများလဲ ရှိနေကြသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page