top of page

မြစ်ကြီးနားမြို့တွင် လမ်းခရီးခက်ခဲမှုကြောင့် ဆေးဝါးပစ္စည်းများ ပြတ်လတ်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 17
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ဧပြီ၊၂၀၂၆။


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လမ်းခရီးခက်ခဲပြီး ကုန်တင်ခဈေးနှုန်း မြင့်တက်လာမှုကြောင့် အချို့ဆေးဝါးများ ပြတ်လတ်နေကြောင်း ဒေသခံများထံမှ သိရသည်။


လမ်းခရီးခက်ခဲမှုနှင့် ကုန်တင်ခဈေးမြင့်တက်မှုကြောင့် ဆေးဝါးပစ္စည်းအချို့နှင့် သက်ကြီးရွယ်အိုများ အများပိုင်း ဖြစ်လေ့ဖြစ်ထရှိပြီး အသုံးပြုစားသုံးနေကြသည့် ဆီးချို၊သွေးချို ကာကွယ်ဆေးများမှာ မရှိသလောက် ပြတ်လတ်နေပြီဖြစ်ကြောင်း သိရသည်။


မြစ်ကြီးနားမြို့တွင် ယခုကဲ့သို့ ဆေးဝါးပစ္စည်းများ ပြတ်လတ်နေခြင်းကြောင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်မှုများ ကြုံတွေ့နေရသည့်အပြင် ယခင်ရှိထားသည့် ဆေးဝါးပစ္စည်းများလည်း ဆေးဝါးအဝင်မရှိ ရှားပါးလာနေသဖြင့် ဈေးနှုန်းများ အဆမတန် မြင့်တက်လာနေသည်ဟု ပြောသည်။


မြစ်ကြီးနားမြို့တွင် ဆေးဝါးပစ္စည်းများကို မန္တလေးဘက်မှ အဓိကသယ်ယူကြပြီး၊ လမ်းခရီးခက်ခဲသဖြင့် ဆေးဝါးပစ္စည်းအပြင် အခြားစားသောက်ကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်ကာ ရှားပါးလာသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page