top of page

မြစ်ကြီးနားမြို့တွင် လမ်းမပေါ်များအထိ ပေါ်ပေါ်ထင်ထင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုပြုလုပ်လာ

Writer: Pajau Media
Pajau Media
Jul 22, 2025
1 min read

ပါဂျောင်မီဒီယာ။

၂၂ရက်၊ဇူလိုင်လ၊၂၀၂၅။



အုပ်ချုပ်ရေးယန္တရားပျက်စီးပြီးနောက် တာဝန်ယူဖြေရှင်းပေးမည့် အစိုးရမရှိသည့်အပြင် မြစ်ကြီးနားမြို့အတွင်း လမ်းမပေါ်များအထိ ပေါ်ပေါ်ထင်ထင် မူးယစ်ဆေးဝါး သုံးစွဲ၊အရောင်းအဝယ် လုပ်ကိုင်သူ ပေါများလာကြောင်း မြိုခံများက ပြောသည်။


“ဘိန်းသမားတွေက လမ်းမပေါ်တွေမှာ ဖြစ်သလို သုံးစွဲနေကြတာ။ ပိုပြီး အုပ်စုလိုက် အဖွဲ့လိုက် သုံးစွဲကြတာက မြစ်ကြီးနားဂေါက်ကွင်းရှေ့နားက ဘိန်းဖြတ်ဆေးရုံနားတွေ၊ ရင်ခွဲရုံလမ်းကြားတွေမှာ အဆိုးဆုံးပဲ။” ဟု မြို့ခံတစ်ဦးက ပြောသည်။


မြစ်ကြီးနား၊မှုးယစ်ဆေးစွဲရောဂါကုဆေးရုံ ရှေ့တွင်မက်သဒုန်းထုတ်စားသူများနှင့် အချိန်ပြည့် အုပ်စုလိုက်ရှိနေတတ်ပြီး၊ ယင်းနေရာတွင်ပင် အဆက်အသွယ်ပြုလုပ်ကာ ဘိန်းရောင်းဝယ် သုံးစွဲကြကြောင်းနှင့် လွတ်လွတ်လပ်လပ် သုံးစွဲနေကြကြောင်း သိရသည်။


တစ်ဖက်မှာလည်း KIOအုပ်ချုပ်ရာ ဒေသများအတွင်း မူးယစ်ဆေးဝါးကို အဓိကရန်သူအဖြစ် သတ်မှတ်ကာ လိုက်လံဖမ်းဆီး ဖျက်ဆီးနေရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို မူးယစ်တိုက်ဖျက်ရေးဌာနချုပ်၏ ပေါ်လစီလမ်းစဉ်ဖြင့် အဆက်မပြတ်လုပ်ဆောင်နေကြသည်။


ပြီးခဲ့သည့် ဇွန်လအတွင်း KIOအုပ်ချုပ်ဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ(၄၁)ဦးနှင့်မူးယစ်ရောင်းဝယ် လုပ်ကိုင်သူ (၂၉)ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။


တိုင်းပြည်အာဏာသိမ်းခံရသည့် ၂၀၂၁ခုနှစ်နောက်ပိုင်း မြို့ကြီးပြကြီးများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို အစိုးရမှ အရေးယူဆောင်ရွက်ပေးခြင်း မရှိတော့ဘဲ၊ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page