top of page

မြစ်ကြီးနားမြို့နှင့် ဖားကန့်မြို့တွင်း စက်သုံးဆီ ကန့်သတ်ရောင်းချနေ

  • Writer: Pajau Media
    Pajau Media
  • Mar 4
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊မတ်လ၊၂၀၂၆။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယနေ့နံနက်ပိုင်းမှစ၍ စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးတော့သလို အချို့ဆိုင်များမှာ ပိတ်ထားပြီး၊ လမ်းဘေးဆိုင်ငယ်အနည်းစုသာ ရောင်းချနေကြကြောင်း သိရသည်။


ထို့ကြောင့် ဒေသခံပြည်သူများမှာ ယနေ့နံနက်ပိုင်းတွင် အလုအယက် ဝယ်ယူနေကြရပြီး၊ အချို့ဆိုင်များတွင် ပုံးများဖြင့် ပါဆယ်လာရောက်ဝယ်ယူများကို ရောင်းချပေးခြင်းမရှိကြောင်းနှင့် နေ့လည်ပိုင်းတွင် ဆိုင်အများစု ဆီကုန်ပြီဟု သံချပ်ကာပိတ်ထားခဲ့ပြီဖြစ်ကြောင်း သိရသည်။


နယ်စပ်ဂိတ်များမှ စက်သုံးဆီဝင်ရောက်လာခြင်းမရှိသောကြောင့် ယခုကဲ့သို့ ဆီပြတ်လပ်သွားခြင်းဖြစ်ကြောင်း၊ စက်သုံးဆီကို မြန်မာနိုင်ငံသို့ စင်ကာပူနိုင်ငံမှ အဓိကတင်သွင်းနေခြင်းဖြစ်ရာ ကချင်ပြည်နယ်အတွင်းသို့ မြန်မာ - တရုတ်နယ်စပ် ကံပိုက်တည်ဂိတ်နှင့် နန့်စီးအောင်ဂိတ်မှတစ်ဆင့် စက်သုံးဆီများကို တင်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ထိုင်းနိုင်ငံမှလည်း အီရန်စစ်ပွဲရိုက်ခတ်မှုကြောင့် ပြည်ပသို့ လောင်စာဆီ တင်ပို့မှုကို ရပ်ဆိုင်းလိုက်သဖြင့် မြန်မာနိုင်ငံအတွင်း ဆီဈေးနှုန်းများ အဆမတန်မြင့်တက်ကာ ဝယ်ယူရန် ခက်ခဲလာသည်။


ထို့ကြောင့် လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပြင် ဖားကန့်မြို့များထိ စက်သုံးဆီ အကန့်အသတ်ဖြင့် ရောင်းချခြင်းနှင့် ပြတ်လတ်မှုများ ရှိလာမည်ကို ပြည်သူများ စိုးရိမ်နေကြခြင်း ဖြစ်သည်။


စစ်ကောင်စီမှလည်း လက်ရှိ အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများ သယ်ယူပို့ဆောင်ရာ လမ်းကြောင်းတစ်လျှောက် တားဆီးပိတ်ဆို့မှုများရှိနေသဖြင့် စက်သုံးဆီချွေတာသုံးစွဲရေးအတွက် ဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြင့်တင်ရောင်းချရောင်း မပြုလုပ်ကြရန် စာထုတ်ပြန်ထားခဲ့သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page