top of page

မြစ်ကြီးနားမြို့နယ်ရှိ အစိုးရဝန်ထမ်းများကို လိုင်စင်မဲ့မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များ အသုံးမပြုရန် ခံဝန်ကတိရေးထိုးခိုင်း

  • Writer: Pajau Media
    Pajau Media
  • Jun 5, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၅ရက်၊ဇွန်လ၊၂၀၂၅။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင်းရှိ အစိုးရဝန်ထမ်းများကို တရားမဝင်သော မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ အသုံးပြုခြင်းမရှိစေရန်နှင့် လိုက်နာဆောင်ရွက်ရန် ခံဝန်ကတိရေးထိုးထားရေး မြစ်ကြီးနားမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးမှ ထုတ်ပြန်ထားကြောင်း သိရသည်၊၊


ဇွန်လ(၁)ရက်နေ့မှစပြီး နိုင်ငံတစ်ဝန်း လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် မြစ်ကြီးနားမြို့ မြို့နယ်ပညာရေးမှူးရုံးမှလည်း မေလ(၃၁)ရက်နေ့တွင် အဆိုပါ ခံဝန်ကတိရေးထိုးထားရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းသည်။


မြစ်ကြီးနားမြို့တွင် နေ့ခင်းအချိန်တွင်သာ မဟုတ်ဘဲ ညဘက်(၈)နာရီနောက်ပိုင်းအချိန်တွင် ကား၊ဆိုင်ကယ်နှင့် လူငယ်အချို့ကိုလည်း ဖမ်းဆီးနေကြောင်းနှင့် ငွေကြေးဒဏ်ခတ်မှုများ ရှိနေကြောင်းလည်း သိရသည်။


လက်ရှိ မြစ်ကြီးနားမြို့တွင် အသုံးပြုလျက်ရှိသော ကား၊ဆိုင်ကယ်၊ ယာဉ်ကြီးယာဉ်ငယ် အများစုမှာ လိုင်စင်မဲ့ ယာဉ်များဖြစ်သည့်အတွက် အားလုံးသတိထားသွားလာနေရပြီး၊ တစ်ပတ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် နှင့် ဆိုင်ကယ် ယာဉ်(၄၀)ကျော် ဖမ်းဆီးထားပြီဖြစ်ကြောင်းလည်း သိရသည်။


သတင်း-ဖရိန်း



Comments


Pajau Media

Thanks for subscribing!

bottom of page