top of page

မြစ်ကြီးနားမြို့ပေါ်တွင် နေ့လည်နေ့ခင်းအချိန်၌ပင် ဓားပြတိုက်လုယှက်မှုများ ပိုမိုများပြားလာ

  • Writer: Pajau Media
    Pajau Media
  • Jan 17, 2025
  • 1 min read

ပါဂျောင်မီီဒီယာ။

၁၆ရက်၊ဇန္နဝါရီ၊၂၀၂၅။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နေ့လည်နေ့ခင်းတွင်ပင်လျှင် ဓားထောက်ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်များ ယခင်ထက် ပိုမိုများပြားလာခြင်းကြောင့် သွားလာရေး သတိထားနေရကြောင်း မြို့ခံများက ပြောသည်။


ဓားပြတိုက်လုယှက်သူများမှာ လမ်းသွားလမ်းလာ ပြည်သူများအား ဓားထောက်ပြီး ဆိုင်ကယ်လုသည့်ဖြစ်စဉ် ပိုမိုများပြားလာကြောင်းကို ၈မိုင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ”၈မိုင်ကနေ မြို့တက်ပြီး သင်တန်းသွားတာတာ။ အပြန်မှာ ဖြတ်လမ်းဖြစ်တဲ့ မန်ခိန်ဘက်ကနေ ပြန်လာတာ။ အဲ့လမ်းက လူသိပ်မသွားဘူး။ နေ့ဆိုတော့ အဲ့လမ်းဘက်ကနေ ပြန်လာတာ။ ယောကျ်ားသုံးယောက်က ဆိုင်ကယ်ကို သွားလို့မရအောင်တားပြီး ဆိုင်ကယ်မှောက်သွားတော့ ဓားထောက်ပြီးလုသွားတယ်။ ဖုန်းလည်းပါသွားတယ်။” ဟု ပြောသည်။


မြစ်ကြီးနားမြို့တွင် အင်တာနက်ဖြတ်တောက်ခံရပြီးနောက်ပိုင်း အင်တာနက်ဆိုင် အများအပြား ဖွင့်လှစ်လာရာ ညနေပိုင်း အင်တာနက်ဆိုင်သွားသုံးချိန် ဆိုင်ကယ်ကိုဓားထောက်လုယှက်သည့် ဖြစ်စဉ်များပြားလာကြောင်းကိုလည်း ဆက်ပြောသည်။


“အခုက တော်တော်ကြောက်ဖို့ကောင်းတယ်။ ညနေစောင်းပြီဆိုတာနဲ့ အပြင်ထွက်လို့ မရတော့ဘူး။ အရင်အပတ်က USA Lum Tu လမ်းကြားကနေ အင်တာနက်သွားသုံးပြီး ပြန်လာတဲ့ အမျိုးသမီး နှစ်ယောက်ကို ဓားထောက်ပြီး ဆိုင်ကယ်လုသွားသေးတယ်။” ဟု တပ်ကုန်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးကပြောသည်။

လက်ရှိဖြစ်ပွားနေသည့် အုပ်ချုပ်ရေးယန္တရားပျက်စီးမှုများကြောင့် မြစ်ကြီးနားမြို့တွင် အလုပ်လက်မဲ့နှင့်ဝင်ငွေရှားပါးလာပြီး သူခိုး၊ ဓားပြပေါများလာသော်လည်း တာဝန်ရှိသူများမှ ထိထိရောက်ရောက် တာဝန်ယူဖြေရှင်းနိုင်ခြင်း မရှိကြောင်းသိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page