top of page

မြစ်ကြီးနားမြို့ပေါ်တွင် ရဟတ်ယာဉ်ဝဲပြီး မိနစ်ပိုင်းခန့်အကြာလက်နက်ကြီးပစ်သံများကျယ်လောင်စွာ ကြားနေရ

  • Writer: Pajau Media
    Pajau Media
  • Mar 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ မတ်လ၊ ၂၀၂၄ ခုနှစ် ။



ယနေ့ မတ်လ ၁၁ရက် နေ့လည် ၃ နာရီ ၂၀ ဝန်းကျင်ခန့်အချိန်၌ မြစ်ကြီးနားမြို့ပေါ်တွင် ရဟတ်ယာဉ်ဝဲပြီး မိနစ်ပိုင်းခန့် အကြာတွင် လက်နက်ကြီးပစ်ခတ်သံများ ၅ ကြိမ်ထက်မနည်း ကြားရကြောင်းသိရသည်။


ယင်းလက်နက်ကြီးသံများမှာ စစ်ကောင်စီတပ် (၂၁) တပ်ရင်း နှင့် နန်ပေါင်လေတပ်ဘက် မှပစ်သောလက်နက်ကြီးသံများ ဖြစ်ကြောင်းသိရှိရသည်။ (၂၁) တပ်ရင်းက ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ ဘက်သို့ပစ်၍ နန်ပေါင်လေတပ် မှ တာလောကြီးရွာဘက်သို့ ပစ်ရာ လက်နက်ကြီးကျည်တစ်လုံး၏ အစိတ်အပိုင်းတစ်ခု မြစ်ကြီးနားလေဆိပ် အနီးတွင်ကျရောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။


တမြန်နေ့ မတ်လ (၉)ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ စစ်ပွဲပြင်းထန်ရာ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ နှင့် အောင်မြေ(၂)ကျေးရွာသို့ပစ်ကူသော လက်နက်ကြီးကျည်များ မြစ်ကြီးနားလေဆိပ် အပေါ်မှ ဖြတ်သွားသောကြောင့် လေယာဉ်များ ဆင်းတက်ခွင့်မပေးတော့ပဲ လေဆိပ်အဝင်အထွက် အားလုံး ပိတ်လိုက်ရကာ လေကြောင်းခရီးစဉ်အားလုံးဖျက်သိမ်းလိုက်ရသော ဖြစ်စဉ်လည်းရှိခဲ့သည်။




Comments


Pajau Media

Thanks for subscribing!

bottom of page