top of page

မြစ်ကြီးနားမြို့ပေါ်တွင် လက်နက်ကြီးသံများ ကျယ်လောင်စွာထွက်ပေါ်နေ

  • Writer: Pajau Media
    Pajau Media
  • Jun 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။




မြစ်ကြီးနားမြို့ပေါ်တွင် ယနေ့ ဇွန်လ ၁၈ရက် နေ့လည်ပိုင်းအချိန်မှစပြီး ကျယ်လောင်သော လက်နက်ကြီးသံများ ခပ်စိပ်စိပ်ကြားနေရ၍ မြို့ပေါ်ရှိဒေသခံများမှာ စိုးရိမ်ပူပန်နေကြရသည်။


ကျယ်လောင်သော လက်နက်ကြီးသံများမှာ နေ့လည် ၁၂နာရီနောက်ပိုင်းမှ စတင်ကြားလာရပြီး ညနေပိုင်း ၂နာရီနောက်ပိုင်းမှာတော့ ၁၀မိနစ်ခြားတစ်ကြိမ် ကြားနေရသည့်အပြင် ယခုသတင်းရေးသားနေချိန်အထိ ဆက်တိုက်ကြားနေရဆဲ ဖြစ်သည်။


 “အသံက နောက်ပိုင်းမှာ ပိုပိုပြီးနီးလာသလိုပဲ။ ဘယ်နေရာက ပစ်တာလဲဆိုတာတော့ အသေအချာမသိဘူး။ အသံက တော်တော်ကျယ်တယ်။ အသက်ကြီးတဲ့ အဘိုးအဘွားတွေ၊ ကလေးငယ်တွေနဲ့ နှလုံးရောဂါသည်တွေအတွက်တော့ လန့်ပြီးတောင် နှလုံးဖောက်နိုင်တယ်။ ခါတိုင်းညမှာပစ်တဲ့ဟာတွေနဲ့မတူဘူး ” ဟု မြစ်ကြီးနား ရှမ်းရွာရပ်ကွက်နေသူ ဒေသခံတစ်ဦးက ပြောသည်။


“နေ့လည်ကတည်းက ကြားနေရတာ။ ပထမတစ်ခေါက်မှာကို တော်တော်ကျယ်တာ။ နောက်ပိုင်းဆို ပိုပိုပြီးကျယ်လာတာ အသံက။ အိမ်အနီးအနားမှာ လာပစ်နေသလိုပဲ အိမ်တောင်တုန်တယ်။” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။


လက်နက်ကြီးသံများ၏ နောက်ဆက်တွဲ အခြေအနေများကို ပါဂျောင်မီဒီယာမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။


မြစ်ကြီးနားမြို့ပေါ်တွင် KIA ပူးပေါင်းတပ်၏ စခန်းသိမ်းတိုက်ပွဲ စတင်ချိန် မတ်လမှစ၍ ယနေ့ချိန်ထိ လက်နက်ကြီးသံများ မကြာခဏ ကြားနေရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page