top of page

မြစ်ကြီးနားမြို့မှ လက်ဝတ်ရတနာဆိုင် တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသား ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိ

  • Writer: Pajau Media
    Pajau Media
  • Jul 17, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ဇူလိုင်လ၊၂၀၂၄ခုနှစ်။





ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ ဇူလိုင် ၁၆ရက် နံနက်၈နာရီခွဲအချိန်ခန့်တွင် လက်ဝတ်ရတနာ အရောင်းဆိုင်တစ်ခု ဓားပြတိုက်ခံရပြီး၊ ဆိုင်ရှင်အမျိုးသားမှာ ပြင်းပြင်ထန်ထန် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။


ယင်းလက်ဝတ်ရတနာဆိုင်မှာ မြစ်ကြီးနားမြို့ရှိ ကမ္ဘောဇဘဏ်-၁ မျက်စောင်းထိုး Moe & Nyein Jewellery ဆိုင်ဖြစ်ပြီး...ဖြစ်စဉ်မှာ Mask တပ်ထားသည့် အမျိုးသား၄ဦးက ဓားနှစ်လက်နှင့် သေနတ်တစ်လက် ကိုင်ဆောင်ကာ ရောက်ရှိလာခဲ့ပြီး၊ ဓားပြတိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


ဓားပြတိုက်မှုဖြစ်ပွားနေစဉ် ဆိုင်တွင် ဆိုင်ရှင်အမျိုးသားတစ်ဦးနှင့် စာရေးမနှစ်ဦးသာ ရှိနေခဲ့ရာ ယင်းစာရေးမနှစ်ဦးကိုရေချိုးခန်းထဲ ထည့်ပိတ်ထားပြီး၊ ဆိုင်ရှင်အမျိုးသားကို ဝိုင်းရိုက်လုကြသည်ဟု သိရသည်။


ဆိုင်ရှင်အမျိုးသားမှ ပြန်လည်ခုခံ ချေပခဲ့သောကြောင့် ဆိုင်တွင်းမှ လက်ဝတ်ရတနာနှင့် ပိုက်ဆံများ ယူဆောင်သွားနိုင်ခြင်းမရှိသော်လည်း ဆိုင်ရှင်အမျိုးသားမှာ ခန္တာတစ်ကိုယ်လုံး ပြတ်ရှဒဏ်ရာများနှင့် ဦးခေါင်းမှာ ပေါက်ပြဲဒဏ်ရာရရှိခဲ့သောကြောင့် ဦးခေါင်းဒဏ်ရာကို ၃ချက်အထိ ချုပ်ခဲ့ရကြောင်း သိရသည်။


အလားတူပြီးခဲ့သည့် ဇွန်လ ၃ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်ကိုလည်း ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page