top of page

မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ ဆီဂိုဒေါင်တစ်ခု မီးလောင်ကျွမ်း

  • Writer: Pajau Media
    Pajau Media
  • Apr 8
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ ဧပြီလ၊ ၂၀၂၆။



မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်နယ်မြေ(၁)ရှိ ဆီဂိုဒေါင်တစ်ခု ယနေ့ နံနက် ၈ နာရီခွဲ ဝန်းကျင်ချိန်တွင် မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။


မန်ခိန်ရပ်ကွက်နှင့် ရွှေစက်ရပ်ကွက်၊ ကမ်းနားလမ်းကြားရှိ ရွှေစက်နယ်မြေ အပိုင်း(၁) ကရိန်နော်ဈေးနားတွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်ကား(၅)စီးဖြင့် ငြိမ်းသတ်ခဲ့ရသည်ဟု သိရသည်။


မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ မသိရသေးသော်လည်း ထိုနေရာတွင် ဆီသယ်ယဥ်ကားကြီးနှင့် ဆီဘောက်ဆာကားများလည်း ရှိနေခြင်းကြောင့် မီးအရှိန်အဟုန်ဖြင့် လောင်ကျွမ်းခဲ့ရကြောင်း သိရသည်။


၂ နာရီအကြာ မနက် ၁၀ နာရီခွဲချိန်ခန့်တွင် အဆိုပါမီးကို ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် မည်မျှရှုံးဆုံးသည်ကိုတော့ မသိရသေးဘူးဟု ဆိုသည်။


မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင်လည်း သံတိုသံစ ရောင်းသည့် အဟောင်းဆိုင် တစ်ခုလည်း မီးလောင်မှုဖြစ်ပွားခဲ့သည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page